25 C
Yangon

ကော့ကရိတ်၊ မြ၀တီနှင့် ရေတာရှည် တို့တွင် KNLA ၊ PDF ပူးပေါင်းတပ်များနှင့် စစ်ကောင်စီ တပ်များ အကြား တိုက်ပွဲများဖြစ်ပြီး စစ်တပ်ဘက်မှ သေဆုံးမှုများ

Must read

ကော့ကရိတ်၊ မြ၀တီနှင့် ရေတာရှည် တို့တွင် KNLA ၊ PDF ပူးပေါင်းတပ်များနှင့် စစ်ကောင်စီ တပ်များ အကြား တိုက်ပွဲများဖြစ်ပြီး စစ်တပ်ဘက်မှ သေဆုံးမှုများ

ရန်ကုန်၊ ဧပြီ ၄

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၃ ဦး ထက် မနည်း သေဆုံးကြောင်း ကျားဖြူ တပ်ခွဲ ၅ (Justice Solider PDF) မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၃ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် အကြမ်းဖက် စစ်တပ် စစ် ကြောင်းက ကော့ကရိတ်မြို့နယ် ကြောင်ရှာကုန်းရွာကို ဝင်ရောက် စီးနင်းခဲ့စဥ် တော်လှန်ရေး တပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်သား ၃ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။

” ကြောင်ရှာကုန်းရွာဆိုတာ အရင်တုန်းက BGF နဲ့ စစ်ခွေးတွေ ထိန်းချုပ်မှု ရှိတဲ့နေရာပေါ့။ အခု ကျွန်တော်တို့က စစ်အင်အား တိုးချဲ့ပြီး လှုပ်ရှား လာတာ နဲ့အမျှ သူတို့ တိုးချဲ့ပြီး လှုပ်ရှားလာတာကို လှုပ်ရှားမခံတော့ဘဲ သူတို့ လှုပ်ရှား လာတဲ့ အင်အား ၅၀ ကျော် စစ်ကြောင်းကို ဒရုန်းနဲ့ ဗုံးကျဲပြီး မြေပြင်ကပါ ဝင် ရောက် တိုက်ခိုက်ခဲ့တယ်။ စစ်ခွေး ၃ ကောင် သေတာတော့ တွေ့မြင်ခဲ့တယ်။ အဲထက်များနိုင်တယ်။ စစ်ခွေးတွေ တပ်​ပျက်ပြီး ပြန်ဆုတ်သွားတယ်” ဟု ကျားဖြူ တပ်ခွဲ ၅ (Justice Solider PDF) မှ တာဝန်ရှိသူ တစ်ဦး ကပြော ဆိုသည်။

အဆိုပါ ကျား ဖြူတပ်ခွဲ ၅ (Justice Solider PDF) နှင့် Southern Eagle PDF တို့ က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ဆက်ရစ်ရိုးကုန်းရွာတွင်တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို KNLA၊PDF ပူးပေါင်း တပ်ဖွဲ့မှ ဧပြီလ ၃ ရက် ညနေ ၆ နာရီခန့်တွင် ဒရုန်းဖြင့် ဗုံးကျဲပြီး လက်နက်ငယ်များဖြင့် ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း PDF 3502 Hunter Rangers 2 ထံမှ သိရသည်။

အဆိုပါ ထိတွေ့တိုက်ပွဲတွင် စစ်ကောင်စီ တပ်သားများမှ လက်နက်ကြီး၊ စစ် လက်များဖြင့် ပြန်လည် ပစ်ခတ်ခဲ့ပြီး တိုက်ပွဲ ဖြစ်ပွားချိန် ၁ နာရီခွဲခန့် ကြာမြင့် ခဲ့ကာ အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု အရေအတွက်ကို အတည် မပြု နိုင်သေးကြောင်း သိရသည်။

ဧပြီလ ၃ ရက်နေ့တွင် ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်တွင် သင်္ကန်းညီနောင်မှ မြဝတီသို့ ပြန်လာသော အင်အား ၄၀ ခန့်ပါ ဖောကားတစ်စီးကို ကော်ဘရာ စစ် ကြောင်းက ပစ်ခတ်တိုက် ခိုက်ခဲ့ရာ အပြန်အလှန်တိုက်ခိုက်မှု နာရီဝက် ခန့် ဖြစ်ပွားခဲ့ကြောင်း၊ စစ်တပ်ဘက်မှထိခိုက်သေဆုံးမှုများပြားခဲ့ပြီး ပြည်သူ့ ကာ ကွယ် ရေး တပ်များဘက်မှ ထိခိုက်မှု မရှိခဲ့ကြောင်း၊ ထိုပစ်ခတ်မှုကြောင့် အနီး အနားရှိ သင်္ကန်းညီနောင်ရဲစခန်းနှင့်ပါ အပြန်အလှန်ပစ် ခတ်မှု ရှိခဲ့ကြောင်း ကော်ဘရာ စစ်ကြောင်းက တရားဝင် သတင်းထုတ် ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article