25 C
Yangon

အကြမ်းဖက် မင်းအောင်လှိုင်၏ လူယုံ လက်စွဲ ဒုဝန်ကြီးချုပ်နှင့် ပြည်ထဲရေး ဝန်ကြီး စိုးထွဋ် အူမကြီးကင်ဆာ ခံစားနေရ

Must read

အကြမ်းဖက် မင်းအောင်လှိုင်၏ လူယုံ လက်စွဲ ဒုဝန်ကြီးချုပ်နှင့် ပြည်ထဲရေး ဝန်ကြီး စိုးထွဋ် အူမကြီးကင်ဆာ ခံစားနေရ

■ ရုရှား-မြန်မာ ဘွဲ့အပြန်အလှန်ပေးအပ်ပွဲတွင် ဆုချီးမြှင့်သည့် အမိန့်စာ တက် ရောက် ဖတ်မပေးနိုင်တော့ဘဲ စိုးထွဋ် ကိုယ်စား ပြည်ထဲရေး ဒုဝန်ကြီး တိုးရီက ဆောင်ရွက်ပေးရ

ရန်ကုန်၊ ဧပြီ ၄

အကြမ်းဖက်မင်းအောင်လှိုင်၏ လူယုံ လက်စွဲ ဒုဝန်ကြီးချုပ်နှင့် ပြည်ထဲရေး ဝန်ကြီး ဒုဗိုလ်ချုပ်ကြီး စိုးထွဋ်တွင် အူမကြီးကင်ဆာ စစ်ဆေးတွေ့ရှိရကြောင်း ပြည်ထဲ ရေး သတင်းရင်းမြစ်တစ်ခုက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဝမ်းနှင့်သက်ဆိုင်ရာ ရောဂါလက္ခဏာများ ပြင်းထန်စွာ ခံစားရသည့်အတွက် ကျန်း မာ ရေး စစ်ဆေးမှုခံယူရာမှ အူမကြီးကင်ဆာ ဖြစ်ပွားသည်ဟု သိရှိရ ခြင်းဖြစ်ပြီး ကင်ဆာက မည်သည့်အခြေအနေ ရောက်ရှိနေသည်ကို မသိရှိရ သေးဘဲ အူမကြီးကင်ဆာဟုသာ သိရှိထားရသည်။

စိုးထွဋ်သည် လက်ရှိတွင် ရုံးမတက်နိုင်သေးကြောင်း၊ ဧပြီလ ၃ ရက်နေ့ ရုရှား-မြန်မာ ဘွဲ့ အပြန်အလှန်ပေးသည့် အခမ်းအနားတွင် ရုရှားကာကွယ် ရေးဒုဝန် ကြီးကို မင်းအောင်လှိုင်က သီရိပျံချီဘွဲ့ ပေးအပ်ခဲ့ ကြောင်း၊ ဘွဲ့ပေးဆုချီးမြှင့် သည့် အမိန့်ကို ဒုဝန်ကြီးချုပ်နှင့် ပြည်ထဲရေး ဝန်ကြီး စိုးထွဋ် ကိုယ်စား ဒုဝန် ကြီး တိုးရီက အမိန့် ပြန်စာ ဖတ်ပေးရကြောင်း ၊ အဆိုပါ ပွဲ သည် စိုးထွဋ် မဖြစ် မနေ တက်ရောက် ဆုချီးမြှင့် ပေးအပ်နိုင် ရေး အမိန့်ဖတ် ပေး ရမည့် ပွဲဖြစ် ကြောင်း သိရှိရသည်။

ထို့ပြင် ပြည်ထဲရေးဝန်ကြီးဌာနက စီစဉ်ထားသော မြန်မာ့ရိုးရာ အတာသင်္ကြန် စည်ကားစေရေးအတွက် စိုးထွဋ်၏ ဇနီး နီလာစိန်က ၂၀၂၁ ခုနှစ်၊ ၂၀၂၂ ခုနှစ် တွင် တက်ကြွစွာ ပါဝင်ခဲ့ပြီး ၂၀၂၃ ခုနှစ်တွင်လည်း အခမ်းနားဆုံးနှင့် အစည်း ကားဆုံးဖြစ်စေရန် စီစဉ်ခဲ့ကြောင်း၊ သို့ရာတွင် စိုးထွဋ်တွင် ကင်ဆာ ဖြစ်ပွားနေ သည်ကို စစ်ဆေးတွေ့ရှိရပြီးနောက် သင်္ကြန်ပွဲ အစဉ်အဆက် ပျော်ပါး ငွေရှာ ရန် တက်ကြွလွန်းခဲ့သော နီလာစိန် က သင်္ကြန်အကြို လေ့ကျင့်ရေး လှုပ်ရှားမှု များကိုပင် လာအား မပေး တော့ ကြောင်း သိရှိရသည်။

“မနှစ် ဒီလိုအချိန်ဆို နီလာစိန်တို့ သင်္ကြန် ရွပိုးထိုးနေပြီ။ သူတို့ ဆိုင်က အဝတ် အထည် အင်္ကျီ ဆင်တူတွေ ဝတ်အောင် ဌာနအသီးသီးကို အဝတ် တွေရောင်း၊ စိုးထွဋ်အပါအဝင် မိသားစုများက စားသောက်ဆိုင်တွေ အော်ဒါ တွေ သင်္ကြန် တစ်တွင်းလုံးမှာ ကခိုင်းဖို့။ ကတော်ကြီး ကတော်ငယ်၊ ကတော် လတ် အကုန် လုံး စျေးဆိုင်တွေ ဖွင့်ခိုင်းပြီး နီလာစိန်မျက်ခုံးမွှေး တက်တူး ထိုးသလို ကတော် တွေ အားလုံးကို မျက်ခုံးမွှေးရိတ် တက်တူးထိုးခိုင်းတယ်။ တက်တူး သွားထိုး ခိုင်းတဲ့ ဆိုင်က သူနဲ့ တိုက်ရိုက်ပတ် သက်တဲ့ သူဆိုင် လို့ ပြောရမလားပဲ ” ဟု ပြည်ထဲရေး သတင်းရင်းမြစ်က ပြောသည်။

လက်ရှိ နေပြည်တော် ပြည်ထဲရေးဝန်ကြီးဌာန သင်္ကြန်အတွက် ပြည်ထဲရေး ရုံးဝင်း အနောက်ဘက်တွင် လွန်ခဲ့သည့် နှစ်လခန့် ကတည်းက အက၊ လေ့ကျင့် ရေးများ ဆောင်ရွက်ခဲ့ကြကြောင်း၊ ယင်းအကယိမ်းတိုက်မှုကို စိုးထွဋ်၏ မိန်းမ နီလာစိန်အမိန့်ဖြင့် လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

သို့ရာ တွင် ယိမ်း လေ့ကျင့်ရေး ဖျော်ဖြေရေး၊ အစီအမံများအတွက် ဇတ်တိုက် မှုများကို စိုးထွဋ်ဇနီး နီလာစိန် လာမကြည့်တော့‌ ကြောင်း၊ ကတော် တရုန်းရုန်း ဖြင့် ပြည်ထဲ ရေးရုံးအတွင်း ဝင်ထွက် သွားလာမှုများ အလွန်နည်းသွားကြောင်း သိရှိရ သည်။

စိုးထွဋ်သည် အာဏာသိမ်းမှုအတွင်း မိသားစုများစွာ၊ ပြည်သူများစွာကို ပစ်ခတ် သတ်ဖြတ်ခဲ့သူဖြစ်ပြီး စစ်ရာဇတ်မှု ကျူးလွန်သော အာဏာသိမ်း စစ်ခေါင်း ဆောင်များအနက်မှ ဗိုလ်ချုပ်တစ်ဦ်းလည်းဖြစ်သည်။

စိုးထွဋ် နှင့် ဇနီး နီလာစိန်တွင် သား ၃ ဦးရှိပြီး ၎င်း၏ သားများက စိုးထွဋ်၏ လက်အောက်ရှိ ဝန်ထမ်းများနှင့် ရဲများကို ပါး ရိုက်ခြင်း၊ ကိုယ်ရေး ကိုယ်တာ ကိစ္စ များ အတွက် ခိုင်းစေခြင်း စသည့် ဝန်ထမ်းနှင့်မသက်ဆိုင်သော ခိုင်းစေ ညှဉ်းပန်းနှိပ်စက်ခြင်းများ တောက်လျှောက်ဆိုသလို ဆောင်ရွက်နေသူများ ဖြစ်ကြသည်ဟု စုံစမ်းသိရှိရသည်။

၁၉၆၀ ခုနှစ်တွင် မွေးဖွားသော စိုးထွဋ်သည် ၎င်း၏ ဇနီးနှင့်အတူ နေထိုင် လျက်ရှိပြီး လက်ရှိ အသက် ၆၃ နှစ်နီးပါးရှိနေပြီဖြစ်သည်။

အကြမ်းဖက်စစ်တပ်၏ ဒုဝန်ကြီးချုပ်နှင့် ပြည်ထဲရေး ဝန်ကြီး စိုးထွဋ်သည် ပြည်သူကို ပစ်ခတ် ရိုက်နှက် ညှဉ်းပန်း နှိပ်စက်သတ်ဖြတ်မှုများကို ဦးဆောင် ကျူးလွန်သူဖြစ်ရာ ကင်ဆာဖြစ်ပွားသည်ဟု အကြောင်းပြပြီး စစ်ကောင်စီမှ ထွက်ခွာခွင့်ရရန် ကြိုးစားခြင်းလည်းဖြစ်နိုင်ကြောင်း လေ့လာသုံးသူတချို့က ဆိုကြသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article