27 C
Yangon

ရေစကြိုမြို့အဝင်တွင် စစ်ကြောင်းကို မိုင်းဆွဲမှု စစ်သား ၅ ဦးသေဆုံး၊ တနင်္သာ ရီတိုင်းတွင် စစ်သားများ လိုက်ပါသော ၁၀ ဘီးကား မိုင်းဆွဲခံရ

Must read

ရေစကြိုမြို့အဝင်တွင် စစ်ကြောင်းကို မိုင်းဆွဲမှု စစ်သား ၅ ဦးသေဆုံး၊ တနင်္သာ ရီတိုင်းတွင် စစ်သားများ လိုက်ပါသော ၁၀ ဘီးကား မိုင်းဆွဲခံရ

ရန်ကုန်၊ ဧပြီ ၅

မကွေးတိုင်း၊ ရေစကြိုမြို့အဝင်တွင် အကြမ်းဖက်စစ်ကြောင်းကို မိုင်းဆွဲတိုက် ခိုက်ခဲ့ရာ ၅ ဦးသေဆုံးခဲ့ ကြောင်း ရေစကြိုပကဖမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ ဧပြီလ ၅ ရက် နံနက် ၇ နာရီခွဲခန့်က တပ်အတွင်းမှ အင်အား ၃၀ ခန့်ဖြင့် ရေစကြိုမြို့ထဲသို့ ထွက် လာသော အကြမ်းဖက်စစ်သားများကို ရေစကြိုမြို့ အဝင် သင်္ချိုင်းကုန်း မြောက်ဘက်အရောက် မိုင်းပွိုင့် ပေါ်ရောက်လာသဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၅ ဦးသေ ဆုံးခြင်းဖြစ်ကြောင်း ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာ နိုင်ခဲ့ ကြောင်း သိရသည်။

“ခွေး ၅ ကောင်သေတယ်၊ မိုင်းဆွဲခံရပြီးတော့ ခွေးတွေမြို့ထဲကို တန်းပြေးတာ၊ အလောင်းကောက်ဖို့ မြို့ပေါ်မှာ လူစုနေတုန်း၊ တစ်ယောက်တည်း လုပ်ခဲ့ ရတာဆိုတော့ လက်နက်တွေသွားကောက်ဖို့ အဆင်မပြေခဲ့ဖူးဗျ။” ဟု ရေစကြို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောကြားသည်။

အလားတူ ဧပြီလ ၄ ရက်နေ့ တနင်္သာရီမြို့နယ် ဘန်းလမွတ် ကျေးရွာ အုပ်စု အနီးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လိုက်ပါစီးနင်းလာသည့် ၁၀ ဘီးကား တစ်စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဝင် ၁၀ ဦးထက် မနည်း ထိခိုက် ဒဏ်ရာရရှိခဲ့ကြေင်း မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) က သတင်း ထုတ်ပြန်သည်။

အဆိုပါ တိုက်ခိုက်မှုကို မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) အဖွဲ့နှင့်အတူ တောဗုံးကြီးအဖွဲ့၊ တနင်္သာရီ(ပ.က.ဖ) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် တနင်္သာရီမြို့နယ်အတွင်း ဖြစ်ပေါ်နေသည့် စစ်ရေးအခြေအနေများအရ မြိတ်ခရိုင် တပ်ရင်း ၂ နှင့် တနင်္သာရီ (ပ.က.ဖ)တို့ ထုတ်ပြန်ထားသည့် သတိ ပေး ချက်များကို အများပြည်သူများ တိကျစွာ လိုက်နာရန်လည်း မေတ္တာ ရပ်ခံကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ဓာတ်ပုံ- စစ်ကိုင်းတိုင်း ယခုရက်ပိုင်း တိုက်ပွဲအတွင်း သေဆုံးသော စစ်ကောင်စီ အရာရှိတစ်ဦး။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article