ကလေးမြို့နယ်၊ ပျဉ်းတောဦးသုဿန်အနီးတွင် တိုက်ပွဲပြင်းထန်ပြီး စစ်သား ၇ ဦးသေဆုံး
ရန်ကုန်၊ ဧပြီ ၅
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မြောက်ပိုင်းတွင် တိုက်ပွဲများဆက်လက် ပြင်း ထန် နေရာ ပျဉ်းတောဦး သုဿန် အနီး တိုက်ပွဲတွင် အကြမ်းဖက်စစ်သား ၇ ဦးသေဆုံးသည်ကို မျက်မြင်တွေ့ရှိခဲ့ရကြောင်း CDF KKG က ထုတ်ပြန်သည်။
မတ်လ ၃၀ ရက်နေ့မှစတင်၍ ကလေးမြိုနယ်မြောက်ပိုင်းသို့ အကြမ်းဖက် စစ် တပ်က အင်အား အ များ အပြားဖြင့် စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီး ချမ်းသာ ကြီးကျေးရွာစာသင်ကျောင်း၌ တပ်စွဲခဲ့သဖြင့် CDF – KKG နှင့်ချမ်းသာကြီ ပကဖ ပူးပေါင်းအဖွဲ့မှ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ အထိနာခဲ့ ပြီး အင်အားမမျှသဖြင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက် မရှိပြန် လည် ဆုတ်ခွာခဲ့ရ ကြောင်း၊ အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှု အတည် မပြုနိုင်ခဲ့ကြောင်း သိရသည်။
မတ်လ ၃၁ ရက်နေ့တွင် နန်းစောင်းပုကျေးရွာမှ ချီတက်လာသော အကြမ်းဖက် စစ်သား၊ ပျူစောထီးများ ကို CDF- KKG မှ ပျဉ်းတောဦးကျေးရွာ သုဿန်အနီး တွင် ၃ နာရီကြာ တိုက်ပွဲဆင်နွှဲခဲ့ပြီး TCDF ၊ CNDF၊ PDF Kalay၊ HNB ၊ CR ၊ PDF ၊ CDM Syin ပကဖ စသည့်တို့မှ ပူးပေါင်းတိုက်ိခုက်ခဲ့သဖြင့် တိုက်ပွဲ ပိုမို ပြင်းထန်ခဲ့ကြောင်း၊ ယင်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်မှ လက်နက်ကြီး ပစ်ကူ၊ တိုက်ခိုက်ရေး ရ ဟတ်ယာဉ် များဖြင့်ပါ တိုက်ခိုက်ခဲ့ရာ CDF –KKG မှ ရဲဘော်တစ်ဦး လက်နက်ကြီးဒဏ်ရာ(မစိုးရိမ်ရ) ရရှိ ခဲ့ကြောင်း သိရသည်။
ယင်းတိုက်ပွဲတွင် အကမြ်းဖက်စစ်သား အလောင်း ၇ လောင်းမျက်မြင်တွေ့ ရှိခဲ့ရ ကာ MA ကျည်ဘောက် ၁ ခု၊ ၅ ဒသမ ၅၆ ကျည် အတောင့် ၂၀ ၊ ဓါး ၁ ချောင်းနှင့် ယူနီး၊ ကျော်ပိုးအိတ်အပါအဝင် ပစ္စည်းအချို့ သိမ်း ဆည်းရရှိခဲ့ ကြောင်း၊ ဧပြီလ ၁ ရက်နေ့တွင် CDF –KKG မှ နယ်မြေရှင်းလင်းရေး လုပ် ဆောင်ခဲ့ရာ MA 3 ကျည်ဘောက် ၁ ခုနှင့် ကျည် ၈ တောင့်ကို ထပ်မံ သိမ်း ဆည်းရရှိခဲ့ကြောင်း CDF –KKG က ထုတ် ပြန်ထားသည်။
ဧပြီလ ၂ ရက်နံနက် ၈ နာရီခန့်မှ စတင်ပြီး ညနေ ၆ နာရီအထိ ညောင်ကုန်း သင်္ချိုင်း အနီးတွင် ထိတွေ့ တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ရာ အကြမ်းဖက်စစ်တပ်က တိုက်ခိုက်ရေးရဟတ်ယာဉ်ဖြင့် ကြိမ်ဖန်များစွာ ပစ် ကူပေးတိုက် ခိုက်ခဲ့ သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် များအထိအခိုက် မရှိခဲ့ ကြောင်း၊ အကြမ်း ဖက်စစ်သား ထိခိက်သေဆုံးမှုအတည်မပြုနိုင်ကြောင်း သိရသည်။
ဧပြီလ ၃ ရက်နေ့တွင် ညောင်ကုန်းရွာ အနီးလည်းကောင်း၊ ပျဉ်းတောဦးရွာနှင့် မြောက်ချောတောရွာ ကြားတို့၌လည်းကောင်း၊ ဆက်လက်တိုက်ပွဲ ပြင်းထန် ခဲ့ကြောင်း၊ အကြမ်းဖက်စစ်တပ်က ညနေ ၃ နာရီ မှ ၇ နာရီခန့်အထိ တိုက်ခိုက် ရေးရဟတ်ယာဉ်ဖြင့် တိုက်ခိုက်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဝင် များအထိအခိုက်မရှိခဲ့ဟု ဆိုသည်။
လက်ရှိအချိန်အထိ အကြမ်းဖက်စစ်သားများမှာ ညောင်းကုန်းရွာ ဘုန်းကြီး ကျောင်းနှင့် ပျဉ်းတောဦးရွာ အနီးတဝိုက်တို့တွင် တပ်စွဲထားပြီး ယင်းနေရာ များမှ တဆင့် အနီးအနားပတ်ဝန်းကျင်ကျေးရွာများသို့ စစ်ကြောင်းထိုး လှုပ်ရှား နေသဖြင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပေါ်နေကြောင်း CDF –KKG ထုတ်ပြန် ချက် အရသိရသည်။