မြ၀တီမြို့နယ်အတွင်းရှိ စစ်ရေးတင်းမာနေသည့် နေရာတချို့ကို စစ်တပ်က တိုက်ခိုက်ရေး ရဟတ်ယာဉ်ဖြင့် ပစ်ခတ်၊ မဲကနယ်တံတား ဗုံးထိထား
ရန်ကုန်၊ ဧပြီ ၅
ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်းရှိ သင်္ကန်းညီနောင် အပါအဝင် စစ်ရေး တင်းမာနေသည့် နေရာတချို့ကို စစ်တပ်က တိုက်ခိုက်ရေးရဟတ်ယာဉ်ဖြင့် ယနေ့ ပစ်ခတ်ကြောင်း PDF သတင်းရင်းမြစ်များထံမှ သိရှိရသည်။
ဧပြီလ ၅ ရက်နေ့ မွန်းလွဲ ၁ နာရီကျော်အချိန်တွင် တိုက်ခိုက်ရေး ရဟတ် ယာဉ် ဖြင့် မြ၀တီမြို့နယ်၊ စစ်ရေး တင်မားနေသော နေရာတချို့ကို Mi35 တိုက် ခိုက် ရေး ရဟတ်ယာဉ်ဖြင့် ပစ်ခတ်ခြင်းဖြစ်ပြီး အရပ်သားတချို့ ထိခိုက်ဒဏ်ရာရရှိမှု ရှိကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။
“ရဟတ်ယာဉ်နဲ့ ပစ်တာ ဘယ်နေရာကို ဦးတည်ပစ်နေတာလဲ မသိရအောင် ရမ်းသမ်းပစ်တာ။ သူတို့က PDF တွေရှိမယ်လို့ ထင်တဲ့နေရာတွေကို လိုက် ပစ်နေတာ။ အရပ်သားတချို့ဒဏ်ရာရတာလည်း ကြားရတယ်။ သင်္ကန်း ညီ နောင် ဘက်က ရွာတွေဘက် အပစ်ခံရတယ်လို့ သိရတယ်” ဟု မြ၀တီဒေသ ပြည်သူတစ်ဦးက ဆိုသည်။
KNLA နှင့် ပြည်သူ့ကာကွယ်ရေးတပ်များက မြ၀တီ- သင်္ကန်းညီနောင်- ကော့ ကရိတ် အာရှလမ်းမကြီးကို ပိတ်ဆို့ထားသော်လည်း စစ်ကောင်စီ လက် အောက် ခံ လူတချို့က ပိတ်ပင်တားဆီးမှုများကို ဖယ်ရှားပြီး လမ်းပြန် ဖွင့် သဖြင့် ကားတချို့သွားလာနေသော်လည်း တော်လှန်ရေးအဖွဲ့များက ယင်း လမ်းကို လက်ရှိ အခြေအနေတွင် အသုံးမပြုရန် တော်လှန်ရေး အဖွဲ့ များက မေတ္တာ ရပ်ခံ ထားသည်။
“မဲကနယ်တံတား ဗုံးထိထားတယ်လို့ သိရတယ်။ နောက်ပြီး မြ၀တီ-သင်္ကန်း ညီနောင်- ကော့ကရိတ် အာရှလမ်းမကြီးကို ပိတ်ထားတာကို တွဲကားတွေကို စစ်ကောင်စီဘက်က အရပ်ဝတ်တွေ ဖယ်ရှားပြီး လမ်းဖွင့်သွားတယ်။ ပြည်သူ တွေကိုပြောချင်တာက လမ်းဖွင့်ထားတာရင်လည်း မလာပါနဲ့။ နှစ်ဖက် ပစ်ခတ် မှုတွေကြားမှာ ပြည်သူလူထု အသက်တွေ ထိခိုက်မှာစိုးရိမ်လို့ မေတ္တာရ ပ်ခံနေတာပါ” ဟု တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။
လက်ရှိတွင် မြ၀တီမြို့နယ်အတွင်း နေရာအများအပြားတွင် စစ်တပ်နှင့် တော် လှန် ရေး မဟာမိတ်တပ်များ တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားနေပြီး BGF ထိန်း ချုပ်ထားသော ရွှေက္ကိုလ်တွင်လည်း ယနေ့မှစတင်၍ တိုက်ပွဲများ ဆက် တိုက် ဖြစ်ပွား လျက်ရှိကြောင်း သိရှိရသည်။
ဓာတ်ပုံ- ယမန်နေ့ ပိတ်ပင်ထားသော သင်္ကန်းညီနောင် မြ၀တီ-ကော့ကရိတ် အာရှလမ်းအခြေအနေ။