လောင်းလုံးမြို့နယ်တွင် စစ်ကောင်စီတပ်သား စိုးပိုင် ပစ်ခတ်ခံရပြီး သေဆုံး
ရန်ကုန်၊ ဧပြီ ၅
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် ထောက်လှမ်းရေးလုပ်နေသည့် ထား ဝယ် ဒေသခံ စစ်ကောင်စီတပ်သားတစ်ဦး ပစ်ခတ်ခတ်ခံရပြီး သေဆုံးသွား ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောသည်။
ပစ်ခတ်ခံရပြီး သေဆုံးသွားသူမှာ အမှတ် ၇ အလုပ်ရုံတပ်စု (လျှပ်/စက်)က တပ်သား စိုးပိုင်ဖြစ်ပြီး မတ်လ ၂၂ ရက်နေ့ ညနေ ၆ နာရီခွဲအချိန်တွင် ပစ်ခတ် ခံရ၍ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
“သူကအရပ်ဝတ်နဲ့တစ်ယောက်တည်းသွားနေတာပါ။ မိုးလည်းချုပ်နေတော့ ကင်းသမားနဲ့တိုးပြီး ဖမ်းစစ်လိုက်တာ။ လက်နက်ယူလာတာတော့မရှိဘူးဗျ။” ဟု လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ ပြန်ကြားရေး တာဝန်ရှိ သူကပြောသည်။
စစ်ကောင်စီတပ်သားကို တွေ့ရှိခဲ့ချိန်မှာ ညောပြင်ရွာနှင့် အောက်ကျောက်ဝပ် ရွာမှ နေအိမ်အများအပြားကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးပြီးနောက် နောက်တစ်ရက်တွင်ဖြစ်ကြောင်း သိရှိရသည်။
လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ အဆိုအရ တပ်သား စိုးပိုင် သည် သကျက်တောနှင့် ရဘဲရွာဘက် ရောက်ရှိနေသည့် စစ်ကြောင်းမှ ဖြစ်သည်ဟု ယူဆရကြောင်း ပြောဆိုသည်။
ပစ်သတ်ခံရသူ တပ်သားစိုးပိုင်သည် ထားဝယ်သားတစ်ဦးဖြစ်ပြီး သိမ်း ဆည်း ရမိသည့် ကိုဗစ်ကာကွယ်ဆေးထိုးနှံထားသည့် စာရွက်တွင် သူ၏ နေရပ် လိပ်စာ မြိတ်မြို့နယ်၊ စန္ဒဝတ်ရွာဟု ဖော်ပြထားကြောင်း သိရှိရသည်။
