26 C
Yangon

ပုလဲမြို့နယ်၊ ပန်းရွာနှင့် တနယ်ရွာကို စစ်တပ်က Mi 35 ရဟတ်ယာဥ် ၂ စီးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ကျွေးရွာတွင်း၌ ပြည်သူများ ပိတ်မိနေ

Must read

ပုလဲမြို့နယ်၊ ပန်းရွာနှင့် တနယ်ရွာကို စစ်တပ်က Mi 35 ရဟတ်ယာဥ် ၂ စီးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ကျွေးရွာတွင်း၌ ပြည်သူများ ပိတ်မိနေ

ရန်ကုန်၊ ဧပြီ ၅

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ပန်းရွာနှင့် တနယ်ရွာကို အကြမ်းဖက် စစ်တပ်က Mi 35 ရဟတ်ယာဥ် ၂ စီးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ကျေးရွာတွင်း၌ ပြည်သူအများအပြား ပိတ်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၅ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် ပန်းရွာနှင့် တနယ်ရွာကို အကြမ်းဖက် စစ်တပ်က Mi 35 ၂ စီးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး Mi 17 ရဟတ်ယာဥ်ဖြင့် စစ်သားအများအပြားချထားသောကြောင့် ဒေသခံပြည်သူများ ပိတ်မိနေကြောင်း သိရသည်။

“သူတို့က ခါတိုင်းလို ရွာပေါ်ကနေပတ်ပြီး ပျံသွားတာလို့ ထင်နေတာ နောက်ပိုင်းကျတော့ ပစ်ခတ်တာတွေ စလုပ်တော့ အကုန်ပြေးကျတာ ပထမ တိုက်ခိုက်ရေး ရဟတ်ယာဥ် ၂ စီးရယ် ရိုရိုး ရဟတ်ယာဥ် ၁ စီးနဲ့ လာပစ်တာ အပေါ်ကနေ Mi 35 ရဟတ်ယာဥ်က ပတ်ပစ်ပေးပြီး ရိုးရိုး ရဟတ်ယာဥ်နဲ့ မြေပြင်ဆင်းပြီး စစ်သားတွေချတယ်။ နောက်ထပ် တစ်ခါ နမခကိုပြန်ပြီး စစ်သားတွေသွားခေါ်ပြီး ထပ်ပြီးလူချတယ်။ ရဟတ်ယာဥ်နဲ့ နှစ်ခေါက်လူချတာဆိုတော့ စစ်သား ၁၀၀ ကျော်ကတော့ မြေပြင်ကိုအခုရောက်နေတယ်။ ဘာတွေဖြစ်လာမယ်တော့မသိသေးဘူး” ဟု ပန်းရွာ ဒေသ ပြည်သူတစ်ဦးကပြောဆိုသည်။

အကြမ်းဖက် စစ်တပ် လေကြောင်းမှ တိုက်ခိုက်ခဲ့သော ပန်းရွာသည် အိမ်ခြေ ၈၀၀ ခန့်ရှိသော ကျေးရွာဖြစ်ပြီး တနယ်ရွာသည် အိမ်ခြေ ၄၀၀ ခန့်ရှိသော ကျေးရွာဖြစ်ကြောင်း၊ အဆိုပါ လေကြောင်း တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး ပြည်သူများ ထိခိုက်မှု ရှိမရှိကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။

လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ပန်းရွာနှင့် တနယ်ကျေးရွာအကြားတွင် တပ်ချထား ကြောင်းနှင့် ကျန် စစ်ကြောင်း တစ်ကြောင်းသည် မင်းတိုင်ပင်ရွာမှ နွယ်အင်းကျေးရွာကို ရောက်ရှိနေကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article