31 C
Yangon

တနင်္သာရီ-မောတောင်လမ်းပိုင်းမှာ တစ်ရက်တည်း ၄ ကြိမ်ထက်မနည်း တိုက်ခိုက်ခံနေရတဲ့တဲ့ စစ်တပ်စစ်ကြောင်း ရှေ့ဆက်မတိုးရဲတော့

Must read

တနင်္သာရီ-မောတောင်လမ်းပိုင်းမှာ တစ်ရက်တည်း ၄ ကြိမ်ထက်မနည်း တိုက်ခိုက်ခံနေရတဲ့တဲ့ စစ်တပ်စစ်ကြောင်း ရှေ့ဆက်မတိုးရဲတော့

ရန်ကုန်၊ ဧပြီ ၆

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်-မောတောင်လမ်းပိုင်းမှာ စစ်တပ် စစ် ကြောင်း တစ်ခုကို မနေ့က တစ်ရက်တည်း ၄ ကြိမ်ထက်မနည်း PDF တပ် ပေါင်းစုက တိုက်ခိုက်နေတဲ့အတွက် အဲဒီ စစ်တပ်စစ်ကြောင်းက မောတောင် ဘက်ကို ဆက်သွားမရဖြစ်နေတယ်လို့ တိုက်ပွဲမှာပါဝင်နေတဲ့ တော်လှန်ရေး တပ်တွေဆီကသိရပါတယ်။

ဒါ့အပြင် ဧပြီလ ၆ ရက်နေ့ နံနက် ၁၀ နာရီ ၂၅ မိနစ်လောက်မှာ စစ်ကောင်စီ စစ် ကြောင်း ရှေ့က ခြေလျှင်ပွိုင့်ထောက်တဲ့အဖွဲ့ကို တော်လှန်ရေးတပ်တွေက သိန်ခွန်းကျေးရွာအနီးမှာ စောင့်ကြိုပစ်ခတ်ခဲ့ပါတယ်။

အဲဒီပစ်ခတ်မှုဟာ အနီးကပ်တိုက်ခိုက်နိုင်ခဲ့တာကြောင့် စစ်ကောင်စီဘက် ကထိခိုက် ကျဆုံးရှိတယ်လို့ တိုက်ပွဲမှာပါဝင်နေတဲ့ KTLA-tcjfအဖွဲ့ ရဲ့ပြန်ကြား ရေး တာဝန်ခံက ပြောပါတယ်။

“သူတို့ကနှစ်ဖွဲ့ခွဲပြီးတက်လာတယ်။ အဲဒီနှစ်ဖွဲ့အလယ်မှာပြန်ဆုံပြီး ၈ယောက် လောက် စုနေတဲ့အချိန်ကျနော်တို့ပစ်တာ။ သူတို့ပစ်ခံရတာ အနီးကပ် ပေ၅၀ အတွင်းပါ” လို့ ပြန်ကြားရေးတာဝန်ခံက ရှင်းပြပါတယ်။

အဲဒီနောက် စစ်ကောင်စီဘက်ကလက်နက်ကြီးအသုံးပြုပြီး တရစပ်ပစ် ခတ်တာ ကြောင့် တော်လှန်ရေးတပ်တွေဘက်က ပြန်ဆုတ်ပြီး နေရာ ယူပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါစစ်ကောင်စီစစ်ကြောင်းဟာ ပထမအကြိမ်တိုက်ခိုက်ခံရပြီးနောက် မောင်းပြေးသွားခဲ့ပြီး ၃ မိုင်ခန့်အကွာရောက်ချိန် ၁၀ နာရီ မိနစ် ၄၀ လောက်မှာ ဒုတိယအကြိမ်ထပ်မံတိုက်ခိုက်ခံခဲ့ရပါတယ်။

မိနစ်ပိုင်းသာကွာခြားခဲ့နဲ့ အဲ့ဒီ တိုက်ခိုက်မှု နှစ်ခုမှာ စစ်ကောင်စီကား တစ်စီး ပျက်စီး ကျန်ရစ်ခဲ့ပြီး ကျန်၂ စီးကတော့ ဆက်မောင်းပြေး သွားတယ်လို့ သိရပါတယ်။

မောင်းပြေးသွားတဲ့ စစ်ကောင်စီကား၂ စီးကို သိန်ခွန်းရွာနဲ့ သဲဖြူရွာကြား ရောက်ချိန် မွန်းတည့် ၁ နာရီလောက်မှာ တတိယအကြိမ် ထပ်မံတိုက်ခိုက်ခဲ့ ကြပါတယ်။

“အရှေ့ကစက်လက်ကိုင်တဲ့ကောင်တွေပါကျသွားတာပါ။ ပြန်တောင် မပစ်နိုင် ဘူး။ သူတို့ဘက်ကပစ်သံမကြားရသလောက်ပဲ။ သူတို့ဘက်က လက်နက် ကြီးပဲ အဓိကအားကိုးတော့ အနီးကပ်ဆိုရင်အထိနာတယ်” လို့KTLA-tcjfတာဝန်ရှိသူက ဆက်ပြောပါတယ်။

အဲဒီတိုက်ပွဲမှာလည်း စစ်ကောင်စီဘက်က ဆိုးဆိုးရွာရွားထိခိုက်မှုဖြစ်ခဲ့ပြီး မောတောင်ဘက်ကို ဦးတည်နေတဲ့စစ်ကြောင်းကို ပြန်ဆုတ်ခဲ့တယ်လို့ သိရပါတယ်။

ပြန်ဆုတ်ခွာချိန် ညနေ ၅ နာရီလောက်မှာလည်း လေးကြိမ်မြောက် တိုက်ပွဲဖြစ်ပွါးခဲ့သေးတယ်လို့သိရပါတယ်။ အဲဒီတိုက်ခိုက်မှုတွေအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုအရေအတွက်အသေးစိတ်ကိုတော့ မသိရသေးပါဘူး။

တနင်္သာရီ-မောတောင် လမ်းပိုင်းကတိုက်ခိုက်မှုတွေကို မဟာမိတ် တော် လှန်ရေးတပ်တွေဖြစ်တဲ့ KTLA-tcjf၊ KNU၊ တနင်္သာရီ ပြည်သူ့ ကာကွယ်ရေးအဖွဲ့(ပကဖ)ရဲ့တပ်ပေါင်းစုတွေနဲ့ မြိတ်ခရိုင် (တပ် ရင်း၂)တို့ကပြုလုပ်ခဲ့တာပါ။

လက်ရှိမှာတော့ စစ်ကောင်စီတပ်သားတွေ မောတောင်မြို့ဘက်ကို ရှေ့ဆက်လို့ မရဘဲ လမ်းပေါ်က သဲဖြူရွာဘက်မှာ တစ်ဖွဲ့နဲ့ အထက်ကွမ်းသီး တောရွာထဲမှာ တစ်ဖွဲ့ စခန်းချနေထိုင်နေတယ်လို့ တော်လှန်ရေးတပ်ဘက်ကဆိုပါတယ်။

တနင်္သာရီ-မောတောင်လမ်းပိုင်းမှာ မူလကအင်အားအလုံးအရင်းနဲ့ရောက်နေတဲ့ စစ်ကောင်စီတပ်သားတွေထဲက တဝက်ခန့်ပြန်လည် ဆုတ်ခွာသွားတာကြောင့် အခုလက်ရှိ ၆၀ ဝန်းကျင်သာရှိတော့တယ်လို့သိရပါတယ်။

မနေ့ကညပိုင်းနဲ့ ဒီနေ့မနက်ပိုင်းတွေမှာလည်း တနင်္သာရီမြို့နယ်အတွင်းက တခြားကျေးရွာတွေဘက်မှာ မိုင်းဆွဲတိုက်ခိုက်တာ၊ ဒရုန်းတိုက်ခိုက်တာနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေရှိခဲ့တယ်လို့သိရပါတယ်။

အဲဒီတိုက်ခိုက်မှုအခြေအနေနဲ့ နှစ်ဖက်ထိခိုက်မှု အသေးစိတ်ကိုတော့ မသိရသေးပါဘူး။

တနင်္သာရီမြို့နယ်မှာ ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်ကစလို့ ဒီနေ့အထိတိုက်ပွဲ အကြိမ် ၂၀ ထက်မနည်းဖြစ်ပွားခဲ့ပြီးဖြစ်ပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်ကလည်း တနင်္သာရီမြို့နယ်အတွင်းက မြိတ်-ဘုတ်ပြင်း မိန်းလမ်းမကြီးနဲ့ လက်ရှိတိုက်ပွဲဆက်နေတဲ့ သိန်ခွန်း-မောတောင်လမ်းပိုင်းသွားလာခွင့်ကို ပိတ်ထားပါတယ်။

(The Tanintharyi Times သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article