24 C
Yangon

နမ့်စန် ကုတင် ၁၀၀ စစ်ဆေးရုံတွင် ဒဏ်ရာရ အတိုအပြတ် စစ်သားများစွာ ပြည့် နှက်နေပြီး ကုတင် မလောက်ငှာတော့၍ ၀ရန်တာတွင်ပါ စစ်သားများကို ဆေးကုနေရ

Must read

နမ့်စန် ကုတင် ၁၀၀ စစ်ဆေးရုံတွင် ဒဏ်ရာရ အတိုအပြတ် စစ်သားများစွာ ပြည့် နှက်နေပြီး ကုတင် မလောက်ငှာတော့၍ ၀ရန်တာတွင်ပါ စစ်သားများကို ဆေးကုနေရ

ရန်ကုန်၊ ဧပြီ ၆

ရှမ်းပြည်နယ်၊ နမ့်စန်မြို့နယ်၊ နမ့်စန် ကုတင် ၁၀၀ စစ်ဆေးရုံတွင် ဒဏ်ရာရ အတို အပြတ် စစ်သားများစွာ ရောက်ရှိ ဆေးကုသမှု ခံယူနေရပြီး ကုတင် မ လောက် ငှသဖြင့် ၀ရန်တာတွင်ပါ စစ်သားများကို နေရာချထား ဆေးကု သနေ ရကြောင်း တပ်သတင်းရင်းမြစ်များက ပြောဆိုသည်။

မတ်လ လဆန်းပိုင်းတွင် ရှမ်းနှင့်ကရင်နီနယ်စပ်တွင် စစ်ကောင်စီတပ်နှင့် ကရင်နီတပ် များ အကြား ဖြစ်ပွားခဲ့သော တိုက်ပွဲများတွင် စစ်တပ်ဘက်မှ တပ်ရင်း အလိုက် အစုံလိုက် အပြုံလိုက် သေဆုံးခဲ့ကြပြီး ဒဏ်ရာရရှိသော စစ်သား အရေအတွက် မှာလည်း အဆမတန် များပြားလျက်ရှိကြောင်း၊ နေ့စဉ် တိုက်ပွဲများတွင် ဒဏ် ရာရ စစ်သားများ များပြားလာနေကြောင်း၊ ကရင်နီနှင့် ရှမ်းတောင်တွင် ထိခိုက်ဒဏ်ရာရရှိသော စစ်သားများကို နမ့်စန် စစ်ဆေးရုံကိုသာ တင်ပို့ နေခြင်းဖြစ်သည်ဟု သိရှိရသည်။

“နမ့်စန် ဆေးတပ် အမှတ်၈ ကုတင် ၁၀၀ စစ်ဆေးရုံမှာ ရှမ်း-ကရင်နီ နယ်စပ် တိုက်ပွဲတွေကနေ ဒဏ်ရာရထားတဲ့ စစ်ခွေးတွေ အများကြီးရောက်နေတယ်။ အကုန်လုံးနီးပါး အတိုတွေ အပြတ်တွေဖြစ်နေတာ။ အခြေနေဆိုးတဲ့ သူတွေ လည်း များတယ်။ အရေအတွက်က တော်တော်များတယ်။ ဆေးရုံ တစ်ခုလုံးကို အပြည့်ပဲ ။ ကုတင်မရှိ အခန်းမရှိလို့ အပြင်မှာနေပြီး ကုနေရတဲ့သူတွေတောင် အများကြီးပဲ” ဟု တပ်နှင့်နီးစပ်သော သတင်းရင်းမြစ်က ပြောသည်။

နမ့်စန် စစ်ဆေးရုံတွင် ဒဏ်ရာရ အတိုအပြတ် စစ်သားများ အများအပြား ဆေး ကု သနေရသဖြင့် ဆေးရုံမှ ဆရာဝန်၊ ဆရာမများက စစ်မှုထမ်း ဟောင်းနှင့် စစ်သား မိသားစုဝင်များကို ဆေးကုသမှု မပေးနိုင်တော့ဘဲ အပြင်ဆေးရုံ များတွင်သာ သွားရောက် ဆေးကုသကြရန် နှင်လွှတ်နေသည်ဟု သိရှိရသည်။

“အပြင်က စစ်မှုထမ်းဟောင်း မိသားစုတွေ အရေးပေါ်သွားပြတာ ပြည်သူ့ ဆေးရုံ ကိုပဲ သွားခိုင်းတယ်။ နမ့်စန် စစ်ဆေးရုံက မကုပေးနိုင်တော့ဘူး။ အတို အ ပြတ်တွေကို ကုနေရလို့။ တပ်ထဲက မိသားစုတွေလည်း ဆေးကုသခွင့် မပေးနိုင်တော့ဘူး။ အပြင်မှာပဲ သွားပြခိုင်းတယ်” ဟု တပ်သတင်းရင်းမြစ်က ဆိုသည်။

မတ်လ ၂၀ ရက်နေ့မှ ၂၃ ရက်နေ့ထိ ကရင်နီပြည်နယ်။ ဒေါတမကြီးကျေးရွာ ထဲသို့ ဝင်ရောက်တပ်စွဲထားသော စစ်ကောင်စီတပ်များကို KA ၊ KNDF /B (10) ၊ KNDF/B (15) ၊ KNDF/B (16) ၊ KNDF/ETD ၊ နေပြည်တော် PDF တို့ပူးပေါင်းကာ တန်ပြန် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ ရာ စစ်ကောင်စီတပ်ဖက်မှ အရာရှိများအပါအဝင် (၉၀)ဦးကျော် သေဆုံးကာ (၅၀)ဦးထက်မနည်း ထိခိုက် ဒဏ်ရာရခဲ့ပြီး ၎င်းတို့၏ လက်နက်ခဲယမ်းများစွာကိုလည်း သိမ်းဆည်း ရရှိခဲ့ကြောင်း KNDF က သတင်းထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article