မင်းအောင်လှိုင်ခိုင်းစေချက်အရ သင်္ကြန် လူစည်ကားစေရေး တိုင်းနှင့်ပြည်နယ် စစ်ကောင်စီများ ကြိုးစားနေရ
■ ကရင်ပြည်နယ်မှာ သင်္ကြန် လက်ဝှေ့ပွဲကျင်းပမည်ဖြစ်ကာ ရန်ကုန်တိုင်းတွင် ရပ်ကွက်တစ်ခုလျှင် လူ ၂၀ ရေပက်ခံထွက်ရမည်ဟုဆို
ရန်ကုန်၊ ဧပြီ ၇
အကြမ်းဖက် မင်းအောင်လှိုင်က သင်္ကြန်စည်ကားစေရေး လုပ်ဆောင်ရန် ပြည် နယ်/ တိုင်းစစ်ကောင်စီများကို ခိုင်းစေထားရာ ကရင်ပြည်နယ် စစ်ကောင်စီက သင်္ကြန်လက်ဝှေ့ပွဲများကျင်းပပြီး ပြည်သူများ တက်ရောက်ရန် နှိုးဆော် ထား ကြောင်း သိရှိရသည်။
မတ်လအတွင်းတွင် အကြမ်းဖက် မင်းအောင်လှိုင်က ပြည်နယ်/တိုင်းစစ် ကောင်စီ များကို သင်္ကြန်ကာလအတွင်း မဖြစ်မနေ စည်ကားစေရေး လုပ် ဆောင် အမိန့် ထုတ်ထားသဖြင့် ပြည်နယ်/တိုင်း စစ်ကောင်စီများက ပုံစံအမျိုးမျိုးဖြင့် စည်ကားစေရန် လုပ်ဆောင်နေကြရကြောင်း သိရှိရသည်။
ကရင်ပြည်နယ်စစ်ကောင်စီက ဧပြီလ ၁၄ ရက်နေ့ မှ ဧပြီလ ၁၆ ရက်နေ့အထိ ၊ ဘားအံမြို့၊ ပဒုမ္မာလမ်းရှိ မိုးလုံလေလုံအားကစားခန်းမတွင် သင်္ကြန် အထိမ်း အမှတ် လက်ဝှေ့ပွဲများ ပြုလုပ်မည်ဖြစ်ကြောင်း သိရှိရသည်။
“ကရင်ပြည်နယ်တွင်းစစ်မီးတောက်နေချိန် ဝန်ကြီးချုပ်နှင့် နယ်လုံ ဝန်ကြီး တွေက ဘာမဟုတ်တဲ့ အခမ်းအနားတွေ လုပ်ဖို့ ဝန်ထမ်းတွေကို အတင်း အကျပ် ဖိနှိပ်ညွှန်ကြားတယ်။ အခမ်းအနားတွေကို ဌာနတစ်ခုကို ၇ ယောက်မှ ၁၀ ယောက်ထိတက်ရောက်ပေးဖို့ အမိန့်ပေးတယ်။ ပြည်နယ်ဥပဒေချုပ် အမျိုး သား နာရေးတောင် ဝန်ကြီးရုံးနဲ့ဌာနဆိုင်ရာများမတက်ရောက် မနေရ အမိန့် ထုတ်တယ်။ အခမ်းအနားတွေ လုပ်ပေမယ့် ဘားအံမြို့ပေါ်ကနေ ကျော် မသွားရဲဘူး။ မြို့တွင်းထဲမှာပဲ အခမ်းအနားမျိုးစုံရှာကြံလုပ်ပြီး သန်းရွှေခေတ်လို ဝန်ထမ်းတွေကို ထိန်းချုပ်ထားတယ်။ စနေနေ့တိုင်း ဌာနဆိုင်ရာဝန်ထမ်းများ ပိတ်ရက်တောင်ဝန်ထမ်းများမနားရဘဲ သံလွင်တံတား သန့်ရှင်းရေး ဆောင် ရွက်ခိုင်းနေပြီး ပိုက်ဆံရတဲ့ ကောင်တွေ ကရနေပြီးကျန်ဝန်ထမ်းများက မရဘဲ သန့်ရှင်းရေးလုပ်ဆောင်နေရတာ။ အခုလည်း သင်္ကြန် မစည်ကားလို့ မရဘူး ဆိုပြီး အမိန့် တွေထုတ်နေတယ်” ဟု ကရင်ပြည်နယ် ဌာနဆိုင်ရာ ဝန်ထမ်း တစ်ဦးက ပြောသည်။
ထို့အတူ ရန်ကုန်တိုင်း စစ်ကောင်စီကလည်း ပြည်သူ့ရင်ပြင်တွင် ပြုလုပ်မည့် တိုင်းစစ်ကောင်စီသင်္ကြန်စည်ကားစေရေးအတွက် ရပ်ကွက်တစ်ခုလျှင် လူ ၂၀ လာရောက် ရေပက်ခံ လည်ပတ်ရမည်ဟု အမိန့် ထုတ်လာကြောင်း သိရှိရသည်။
” ထွေအုပ်တွေက သူတို့လုပ်တဲ့ သင်္ကြန်မဏ္ဍပ်တွေမှာ လူစည်ကား နေတယ် ဆိုတာ ပြသဖို့ ရပ်ကွက်တစ်ခုကို တစ်ရက် လူ ၂၀ တောင်းခံနေတယ်။ စား သောက် ဆိုင် ပိုင်ရှင်တွေကို ဝန်ထမ်းတွေ ရေ လာကစားဖို့ ခေါ်နေပါတယ်။ လက်ဖက်ရည်ဆိုင် စားသောက်ဆိုင် ရှိသမျှ ဝန်ထမ်း အကုန်လာရမယ်ပေါ့” ဟု မြောက်ဒဂုံမှ လက်ဖက်ရည်ဆိုင်ပိုင်ရှင် တစ်ဦးက ပြောသည်။
ထို့ပြင် ရန်ကုန်တိုင်း၊ ပဲခူးတိုင်း အပါအဝင် တိုင်းဒေသကြီးများတွင် ရပ်ကွက် အလှူ များ ပြုလုပ်ပြီး စည်စည်ကားကား ပျော်ပွှဲရွှင်ပွဲများ လုပ်ဆောင်ရန် အတွက် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များက အိမ်တိုင်းကို အလှူငွေ ကောက် ခံခွင့်ပြုချက်များ ရရှိထားပြီး တစ်အိမ်ထောင်လျှင် အနည်းဆုံး ငွေကျပ် ၅၀၀ မှ ငွေကြေးတတ်နိုင်မှုအပေါ်လိုက်၍ ငွေကျပ် သိန်းချီ အလှူငွေ ကောက်ခံ နေကြ ကြောင်း သိရှိရသည်။