25 C
Yangon

ပုလဲနှင့် မြိုင် မြို့နယ်အစပ်ရှိ M7 PDF စခန်းကို စစ်တပ်က ရဟတ်ယာဉ် ၃ စီးဖြင့် စီးနင်း တိုက်ခိုက်မှု PDF ရဲဘော် ၇ ဦး ကျဆုံး

Must read

ပုလဲနှင့် မြိုင် မြို့နယ်အစပ်ရှိ M7 PDF စခန်းကို စစ်တပ်က ရဟတ်ယာဉ် ၃ စီးဖြင့် စီးနင်း တိုက်ခိုက်မှု PDF ရဲဘော် ၇ ဦး ကျဆုံး

ရန်ကုန်၊ ဧပြီ ၇

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်နှင့် မြိုင်မြို့နယ်အစပ်ရှိ M7 PDF စခန်း တစ်ခုကို အကြမ်းဖက် စစ်တပ်က ရဟတ်ယာဉ် ၃ စီးဖြင့် စီးနင်းတိုက်ခိုက်ခဲ့ရာ PDF ရဲဘော် ၇ ဦး ကျဆုံးခဲ့ကြောင်း M7 PDF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဧပြီလ ၅ ရက်နံနက် ၉ နာရီခန့် မုံရွာမြို့၊ အနောက်တိုင်း စစ်ဌာနချုပ်မှ Mi 35 ရဟတ်ယာဉ်တစ်စီးဖြင့် ပစ်ခတ်ကာ Mi 17 ထောက်ပို့ရဟတ်ယာဉ် ၂ စီးဖြင့် အကြမ်း ဖက်စစ်သား ၈၀ ခန့်ချကာ စခန်းကို စီးနင်းခဲ့ခြင်းဖြစ်ကြောင်း၊ စီးနင်းခံရမှုကြောင့် ရဲဘော် ၇ ဦးကျဆုံး ပြီး စခန်းတဲနှစ်လုံးမီးရှို့ဖျက်ဆီးခံရကာ M 4 ၁ လက်၊ 9 MM ပစ္စတို ၁ လက်၊ ၆၀ မမ ၁ လက်နှင့် အဖူး ချို့၊ မိုင်းအချို့၊ လက်လုပ်သေနတ် ၆ လက်၊ ဆိုင်ကယ် ၄ စီး၊ မီးစက်တစ်လုံး၊ ယူနီဖောင်းချို့၊ မဟာမိတ် တပ်ဖွဲ့၏ ဒရုန်းတစ်စီး ဆုံးရှုံးခဲ့ကြောင်း သိရသည်။

“သူလျှိုသတင်းပေးမှုကြောင့် စခန်းစီးနင်းခံရတာပါ၊ Mi 35 ရဟတ်ယာဉ်က ခေါင်းစိုက်ပြီ အတိအကျ ပစ်နေချိန် ကျန်တဲ့ ရဟတ်ယာဉ် ၂ စီးက ခွေးတွေ ၂ ခေါက် အင်အား ၈၀ နဲ့ ၁၀၀ ကြားချပြီးစခန်းကို ဝိုင်းတယ်၊ ရဲဘော်လေးတွေ သင်တန်းနားပြီး ထမင်းစားနေချိန် အခုလိုကြီး အစီးခံရတာ၊ တချို့ဆိုရင် ဗိုက်တွေထိ၊ ပေါင်တွေထိ၊ ကျော်တွေထိပြီး စခန်းမှာပဲ ပိတ်မိသွားတယ်” ဟု M7 PDF တပ်ဖွဲ့မှ တာဝန်ရှိ သူတစ်ဦးက ရှင်းပြသည်။

M7 PDF စခန်းအနေဖြင့် မြေပြင်စစ်ကြောင်းဖြင့် ဝင်ရောက်လာပါက စခန်းကို ကပ်မရ စေရန် အခိုင် အမာတည်ဆောက်ထားသော်လည်း အကြမ်းဖက်စစ်တပ်က ရဟတ်ယာဉ် ဖြင့် ဝင်စီးခဲ့သောကြောင့် တန်ပြန် တိုက်ခိုက်ခဲ့သော်လည်း စခန်းအနေအထားရ ထိရောက်မှုမရှိဘဲ လက်နက်အင်အား မမျှသောကြောင့် စခန်းကို စွန့်ခွာပေးခဲ့ရကြောင်း သိရသည်။

အဆိုပါအကြမ်းဖက်စစ်သားများမှာ တပ်မ ၉၉ လက်အောက်ခံ ဘီလူးစစ်ကြောင်းမှ စစ်သားများဖြစ်ပြီး ယမန်နေ့ ဧပြီလ ၆ ရက် ညနေ ၃ နာရီခွဲခန့်က Mi 35 ရဟတ်ယာဉ် တစ်စီး၊ Mi 17 ရဟတ်ယာဉ် ၂ စီး ဖြင့်သယ်သွားကာ မြိုင်မြို့နယ် ညောင်ရွာ ရပ်ကျေးပကဖ စခန်းကို ထပ်မံဝင်ရောက်စီးနင်းခဲ့ကြောင်း သိ ရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article