29 C
Yangon

မြ၀တီမြို့အဝင်တွင် အပြန်အလှန်ပစ်ခတ်မှုများဖြင့် တိုက်ပွဲ ဖြစ်ပွား၊ တော်လှန် ရေး အဖွဲ့များက အသွားအလာမလုပ်ရန် တားမြစ်ထားသော ကော့ကရိတ်-မြ၀တီ အာရှလမ်းပိုင်းတွင် ကုန်ကားတချို့ မီးလောင်

Must read

မြ၀တီမြို့အဝင်တွင် အပြန်အလှန်ပစ်ခတ်မှုများဖြင့် တိုက်ပွဲ ဖြစ်ပွား၊ တော်လှန် ရေး အဖွဲ့များက အသွားအလာမလုပ်ရန် တားမြစ်ထားသော ကော့ကရိတ်-မြ၀တီ အာရှလမ်းပိုင်းတွင် ကုန်ကားတချို့ မီးလောင်

ရန်ကုန်၊ ဧပြီ ၇

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ မြ၀တီမြို့ အဝင် မြေနီကုန်းဘက်တွင် ယနေ့ ည ၉ နာရီ ဝန်းကျင်အချိန် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားကြောင်း ဒေသပြည်သူများက ပြောဆိုသည်။

ဧပြီလ ၇ ရက်နေ့ ည ၉ နာရီဝန်းကျင်အချိန် မြ၀တီမြို့အဝင် မြေနီကုန်းအနီး တွင် လက်နက်ကြီး၊ လက်နက်ငယ်များအဖြင့် အပြန်အလှန် ပစ်ခတ်မှု ၁၅ မိနစ်ခန့် ကြာမြင့်ကြောင်း၊ တစ်ဖက်တည်း ပစ်ခတ်သည့်ပုံစံ မဟုတ်ဘဲ အပြန် အလှန်ပစ်ခတ်သည့်အနေအထားဖြစ်ကြောင်း၊ စစ်တပ်ဘက်က လက်နက် ကြီးများမှာလည်း ဆက်တိုက်ပစ်ခတ်နေကြောင်း သိရှိရသည်။

“ညမှောင်ကတည်းက လက်နက်ကြီးတွေ စစ်တပ်က ကြိုကြားကြိုကြား ပစ် ခတ်နေတာ။ ည ၉ နာရီလောက်ကျတော့ ဟိုဘက် ဒီဘက် ပစ်သံလို လက် နက်ကြီးတွေရော လက်နက်ငယ်တွေရော အသံကို စုံသွားတယ်။ အခုတော့ ပြန်ရပ်သွားပြီ” ဟု မြ၀တီဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ယနေ့ ဧပြီလ ၇ ရက်နေ့မှစတင်၍ ဧပြီလ ၂၁ ရက်နေ့အထိ မြ၀တီ-ကော့က ရိတ် လမ်းပိုင်းကို အများပြည်သူများ သွားလာခြင်းမပြုရန် တော်လှန်ရေး အဖွဲ့ ၁၀ ခုက အမိန့်ထုတ်ပြန်လိုက်ပြီး ယနေ့ ဖြတ်သန်းသွားလာနေသော ဆီကုန် ကားတစ်စီး မီးလောင်ကျွမ်းခဲ့ကြောင်း၊ အချို့ ကုန်ကားတချို့ ဘီးဖောက်ခံရပြီး ရပ်နားရမှုများရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article