20 C
Yangon

ရေဖြူမြို့နယ်တွင် ဆိုင်ကယ်စီးလာသည့် အမျိုးသား ၂ ဦးကို စစ်ကောင်စီက ပစ်သတ်ပြီး အလောင်းများကို မိသားစုထံသို့ ပို့ဆောင်

Must read

ရေဖြူမြို့နယ်တွင် ဆိုင်ကယ်စီးလာသည့် အမျိုးသား ၂ ဦးကို စစ်ကောင်စီက ပစ်သတ်ပြီး အလောင်းများကို မိသားစုထံသို့ ပို့ဆောင်

ရန်ကုန်| ဧပြီ ၇

တနင်္သာရီတိုင်း ထားဝယ်ခရိုင် ရေဖြူမြို့နယ်တွင် ဆိုင်ကယ်စီးလာသည့် အမျိုး သားတစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက သေနတ်ဖြင့် ပစ်ခတ် မှုကြောင့် သေဆုံးပြီးနောက် အလောင်းအား မိသားစုထံသို့ လာရောက် အပ်နှံခဲ့ကြောင်း မိသားစုဝင်များနှင့်‌ ဒေသခံများက ပြောသည်။

ဧပြီလ ၆ ရက်နေ့ ညနေ ၄ နာရီခွဲ အချိန်ခန့်တွင် သစ်လှတောရပ်ကွက်မှ ဆိုင် ကယ်ဖြင့်မောင်းနှင်း လာစဉ် စစ်ကောင်စီတပ်ဖွဲ့က တားစီးစစ်ဆေးရာမှ ကြောက် လန့်ပြီး မောင်းနှင်းထွက်ပြေးရာမှ သေနတ် ၁၀ ချက်နီးပါး ပစ် ခတ်ခဲ့သည်ဟု ဇာဒီရွာခံများက ပြောသည်။

ဇာဒီရွာခံ တစ်ဦးက “သူက အလုပ်က ပြန်လာတဲ့ အချိန်မှာ စစ်ကားနဲ့ တိုးပြီး ပစ်ခတ်ခံရလို့ ဒဏ်ရာ အပြင်းထန် ရရှိခဲ့တယ်။ လဲကြသွားပြီး ဆိုင်ကယ်ရော လူပါ ဖမ်းသွားတာဖြစ်တယ် “ဟု ပြောသည်။

ပစ်ခတ်ခံရသူမှာ သေနတ်ဒဏ်ရာ ၃ ချက် ထိမှန်ကာ နောက်ကျောတွင် ၁ ချက်၊ တင်ပါးဆုံတွင် ၁ ချက်၊ ခြေထောက်တွင် ၁ ချက်ဒဏ်ရာအသီးသီးရရှိပြီး စစ် ကောင် စီ၏ မောရဝတီရေတပ် ဆေးရုံသို့ စစ်ကောင်စီတပ်များက ပို့ ဆောင် ကုသစဉ် ဆေးရုံရောက်ပြီး ယင်းနေ့ ည ၈ နာရီခန့် အချိန်တွင် သွေးထွက် လွန်ကာ သေဆုံးသွားကြောင်း ဒေသခံများက ပြောဆိုသည်။

သေဆုံးသွားသူမှာ အသက် ၂၇ နှစ် အရွယ်ရှိ ကိုအောင်ကို ဆိုသူဖြစ်ပြီး ကံပေါက်ဒေသ၊ ဇာဒီရွာက ဒေသခံ ဖြစ်ကာ အခင်းဖြစ်သည့် အချိန်တွင် သစ်လှတောရပ်ကွက်သို့ ဆိုင်ကယ်ဖြင့် မောင်းနှင်လာစဥ် စစ်ကောင်စီတပ်မှ သေနတ်ပစ်သတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

၎င်းမှာ ရော်ဘာခြံ အလုပ်သမားအမျိုးသားတစ်ဦးဖြစ်ပြီး သူ့၏ ဇနီးဖြစ်သူမှာ ကိုယ်ဝန် ၄ လနှင့် အသက် ၄ နှစ် အရွယ် သမီးတစ်ဦးကျန်ရစ်ခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ကိုအောင်ကို၏ ရုပ်အလောင်းကို ခွဲစိတ်ပြီးနောက် အလောင်းကို မိသားစုဝင်များကို စစ်ကောင်စီက ထုတ်ပေးခဲပြီး သူ၏စျာပနကိုမှု ယနေ့ နေ့လည် ၁၂ နာရီခန့်အချိန်က ဇာဒီရွာ သုသာန်တွင် သင်္ဂြိုဟ်လိုက်ပြီး ဖြစ်ကြောင်း မိသားစုဝင်များက ပြောသည်။

ကံပေါက်ဒေသ ဇာဒီရွာတွင် ယမန်နေ့က ယင်း ရွာကို PDF အဖွဲ့များ ဝင်ရောက်လာကြောင်း ပျူစောထီးဆိုသူ တစ်ဦးက စစ်ကောင်စီတပ်၏ သတင်းပေး အကြောင်းကြာရာမှ စစ်ကား ၃ စီးနှင့် အင်အား ၅၀ နီးပါးက ရွာထဲကို ရောက်လာပြီး ဒေသခံများကို စစ်ဆေးကာ သေနတ်များ ပစ်ဖောက်ကာ တောနင်းရှာဖွေမှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

အလားတူ ယနေ့ ဧပြီလ ၇ ရက်နေ့တွင် တနင်္သာရီမြို့နယ် မော်တုံးရွာ အနီးတွင် အမျိုးသားနှစ်ဦးစီးလာသည့် ဆိုင်ကယ်ကို စစ်ကောင်စီတပ်က သေနတ်နှင့် ပစ်ခတ်ခဲ့၍ တစ်ဦးသေဆုံးခဲ့ပြီး ကျန်တစ်ဦးမှာ စစ်ကောင်စီက ဖမ်းဆီးခဲ့သည်။

ပုံစာ- သေဆုံးသွားသူ အသက် ၂၇ နှစ် အရွယ်ရှိ ကိုအောင် အား ဇာဒီရွာ သုသာန်တွင် သဂြိုဟ်နေစဉ်။

(Western News-WN သည်ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article