27 C
Yangon

လားရှိုးမြို့နယ်၊ နောင်မွန်ရဲစခန်းအနီးတွင် ပစ်ခတ်မှုဖြစ်ပြီး ပြည်သူ ၃ ဦးဒဏ် ရာ ရကာ စစ်ရဟတ်ယာဉ်ဖြင့် ပစ်ခတ်မှုများရှိခဲ့၊ နွားထိုးကြီးတွင်လည်း စစ် ကား ကို မိုင်းဆွဲတိုက်ခိုက်

Must read

လားရှိုးမြို့နယ်၊ နောင်မွန်ရဲစခန်းအနီးတွင် ပစ်ခတ်မှုဖြစ်ပြီး ပြည်သူ ၃ ဦးဒဏ် ရာ ရကာ စစ်ရဟတ်ယာဉ်ဖြင့် ပစ်ခတ်မှုများရှိခဲ့၊ နွားထိုးကြီးတွင်လည်း စစ် ကား ကို မိုင်းဆွဲတိုက်ခိုက်

ရန်ကုန်၊ ဧပြီ ၈

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်၊ နောင်မွန်ကျေးရွာရှိ နောင်မွန် နယ် မြေ ရဲစခန်းအနီးတွင် ယမန်နေ့ နံနက်ပိုင်း ပစ်ခတ်မှုဖြစ်ပြီး ပြည်သူ ၃ ဦးဒဏ် ရာရရှိကြောင်း ၊ စစ်တပ်က ရဟတ်ယာဉ် အသုံးပြု၍ ပစ်ခတ်မှုရှိကြောင်း ဒေသ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

ဧပြီလ ၇ ရက်နေ့ နံနက်ပိုင်း ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ် နောင် မွန် ရွာ အနောက်ဘက်နမ့်မခေါ်ရွာအနားတွင် စစ်ကောင်စီတပ်များက လက် နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ကြောင်း၊ ယင်းသို့ ပစ်ခတ် မှုများကြောင့် ပြည်သူ ၃ ဦးထိခိုက်ဒဏ်ရာရရှိပြီး ဆေးရုံသို့ ပို့ဆောင်ရကြောင်း၊ ယင်းနောက် လေယာဉ်ပစ်ကူအဖြစ် ရဟတ်ယာဉ် တစ်စီးဖြင့်ပါ လာရောက် ပစ် ခတ်ခဲ့ကြောင်း သိရှိရသည်။

“စစ်တပ်က ရမ်းသမ်းပစ်တာ အိမ်တွေပေါ် လက်နက် ကြီးကျ လို့အိမ်ခေါင် မိုးတော့ ပေါက်သွားတယ်။ စစ်တပ်က ရမ်းပစ်တာ။ ဟိုဘက်ကလည်း ပြန် ပစ်တယ်။တိုက်ပွဲလိုမဟုတ်ပေမယ့် ကြိုကြား ကြိုကြား ပြန်ပစ်တယ်။ အဲဒီ ဘက် မှာ ပလောင် TNLA တွေ သွားလာနေတာပါ။ နောင်မွန်ရဲစခန်း နားမှာ ဖြစ်ကြတာ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ မန္တလေးတိုင်း မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ် ၊ နွားထိုးကြီး တောင် သာ လမ်းတွင် ဧပြီလ ၄ ရက်နေ့၌ စစ်ကောင်စီဝင် အင်အား ၁၇ ဦးခန့်ပါ ဒိုင်နာ ကားကို အင်းချောင်းကျေးရွာနှင့် ထန်းတောမကျေးရွာကြားအရောက်တွင် မိုင်း ၅ လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း မြင်းခြံခရိုင် အမှတ် ၄ တပ်ရင်း၊ တပ်ခွဲ ၄ က သတင်းထုတ်ပြန်သည်။

မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီဝင်တပ်ဖွဲ့ဝင်များ ဒဏ်ရာ ပြင်းထန် စွာရရှိခဲ့ကြောင်း၊ ကားကို အတင်းမောင်းပြေးကာ နွားထိုးကြီး မြို့နယ် ဆေးရုံ ထဲသို့ တန်းဝင်သွားကြောင်း၊ စစ်ကောင်စီဝင်များ သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိမှု သတင်း အတိအကျကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ-လားရှိုးမြို့နယ်၊ နောင်မွန်ရဲစခန်းအနီးတွင် လက်နက်ကြီးထိမှန် သွား သော နေအိမ် တစ်လုံး။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article