ပခုက္ကူတွင် ထောက်လှမ်းရေး သတင်းစုဆောင်းရန် အရပ်ဝတ်ဖြင့် ထွက် လာ သည့် တပ်မ ၁၀၁ မှ ဒုအရာခံဗိုလ်တစ်ဦးကို PDF က အရှင် ဖမ်းဆီးရမိ
ရန်ကုန်၊ ဧပြီ ၈
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ဘုန်းကံရွာတွင် တပ်စွဲထားသော တပ်မ ၁၀၁ မှ ဒုအရာခံဗိုလ်တစ်ဦးကို ထောက်လှမ်းရေး သတင်းစုဆောင်းရန် အရပ်ဝတ်ဖြင့် ထွက်လာစဉ် အရှင် ဖမ်းဆီးရမိခဲ့ကြောင်း ဒေါင်းညီနောင် (P. K. U) အဖွဲ့က တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဧပြီလ ၆ ရက်နေ့တွင် ပခုက္ကူမြို့နယ်၊ ဘုန်းကံရွာ၌ တပ်စွဲထားသော တပ်မ ၁၀၁ မှ ဒုအရာခံဗိုလ်တစ်ဦးသည် အရပ်ဝတ်ဖြင့် ကင်းထောက်ရန် ထွက်လာစဥ် ဒေါင်းညီနှောင် (P. K. U) နှင့် Yesagyo Revolution Group (YRG) တို့က ပူး ပေါင်းပြီး အရှင်ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။
” ဗိုလ်ကြီးကနေ သတင်းထောက်ဖို့ ဆိုပြီး လွှတ်လိုက်တာ လို့ သိရတယ်။ ပခုက္ကူ တပ်မ ၁၀၁ က ဘုန်းကံရွာမှာ တပ်စွဲထားတဲ့ ဒုအရာခံဗိုလ် ကို အရှင် ဖမ်းဆီးနိုင်ခဲ့တယ်။ လက်ရှိချိန်ထိတော့ ထိန်းသိမ်းထားပြီး စုံစမ်းမေးမြန်း တာတွေ လုပ်နေတယ်” ဟု ဒေါင်းညီနောင် (P. K. U) အဖွဲ့က တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
(Facebook ၏ လူမှုကွန်ရက် စည်းမျဉ်းများအရ နာမည်ဖော်ပြနိုင်ခြင်းမရှိ သည်ကို နားလည်ပေးပါရန်နှင့် တယ်လီဂရမ်သတင်းတွင် နာမည်ဖော်ပြထား ပါသည်။)