27 C
Yangon

မိုးကုတ်မြို့ရှိ အနောက်ပိုင်းရဲစခန်းကို PDF တပ်ဖွဲ့က ဝင်ရောက် တိုက်ခိုက်၊ ဝက်လက်ရှိ ပျူစောထီး စခန်းကို ဒရုန်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်မှု ၂ ဦးသေဆုံး

Must read

မိုးကုတ်မြို့ရှိ အနောက်ပိုင်းရဲစခန်းကို PDF တပ်ဖွဲ့က ဝင်ရောက် တိုက်ခိုက်၊ ဝက်လက်ရှိ ပျူစောထီး စခန်းကို ဒရုန်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်မှု ၂ ဦးသေဆုံး

ရန်ကုန်၊ ဧပြီ ၈

မန္တလေးတိုင်း၊ မိုးကုတ်မြို့ရှိ အနောက်ပိုင်း ရဲစခန်းကို ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း ပတ္တမြားမြေ PDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၂ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်တွင် မိုးကုတ်မြို့၊ ဂေါင်းဦးဘာရပ်ကွက်ရှိ အနောက်ပိုင်းရဲစခန်းကို ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) မိုးကုတ်မှ ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး ရဲစခန်းအတွင်းရှိ စစ်သားနှင့် ရဲများ ထိခိုက်သေဆုံးမှု ရှိမရှိကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

” ဒီနောက်ပိုင်းသူတို့ သတင်းတွေ တစ်အားလျှို့ဝှက်တယ်။ စစ်ခွေးတွေ သေဆုံးမှု အရေအတွက်ကိုတော့ အတည်တော့ မပြုနိုင်သေးပါဘူး။ M 9 နဲ့ ပစ်တာကတော့ စခန်းထဲ တည့်တည့်ကျတယ် ပြီးတော့ ကျွန်တော်တို့က နှစ်နေရာ‌ ကနေ နှစ်ဘက်ညှပ်ပစ်တာ” ဟု ပတ္တမြားမြေ PDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရွာသာရွာရှိ ပျူစောထီး စခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်း၊ လက်နက်ကြီး များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ၂ ဦးသေဆုံးကြောင်း ရွှေဘိုခရိုင်တပ်ရင်း ၁၅ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၆ ရက်နေ့ ညနေ ၃ နာရီခန့်တွင် ဝက်လက်မြို့နယ် ရွာသာရွာရှိ ပျူစောထီးစခန်းကို တော်လှန်ရေးတပ်ဖွဲ့များက ၆၀ မမ များဖြင့် ပစ်ခတ်ပြီး ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့​ပြီး ၂ ဦးသေဆုံးကြောင်း သိရသည်။

“ပျူစောထီး ခွေးစခန်းမှာရှိတဲ့ ခေါင်မိုး အဆောက်အဦးတွေ ထိမှန် ပေါက်ကွဲပြီး စစ်ခွေး ၂ ကောင်သေတယ်။ ဒရုန်းနဲ့ ဗုံး ၁ လုံး လက်နက်ကြီး ၅ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်။ ခွေးတွေဘက်ကလည်း လက်နက်ကြီး ၃ လုံး ပြန်ပစ်ခဲ့တယ်” ဟု ရွှေဘိုခရိုင်တပ်ရင်း ၁၅ မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ရွှေဘိုခရိုင် တပ်ရင်း (၁၅) Eagle Guerrilla Force တပ်ခွဲ ၁ ၊ တပ်စု ၁ Eagle_သိန်းငှက်ပြောက်ကြားတပ်ဖွဲ့နှင့် မြေပြင် အဖွဲ့များမှ ပူးပေါင်း လုပ်ဆောင်ခဲ့​ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article