21.1 C
Yangon

အင်းတော်မြို့နယ်၊ နံ့သာရွာအနီး ၂ ရက်ကြာတိုက်ပွဲတွင် စစ်သား ၄၀ နီးပါး သေဆုံးပြီး KIA ၊ PDF ၄ ဦးကျဆုံး

Must read

အင်းတော်မြို့နယ်၊ နံ့သာရွာအနီး ၂ ရက်ကြာတိုက်ပွဲတွင် စစ်သား ၄၀ နီးပါး သေဆုံးပြီး KIA ၊ PDF ၄ ဦးကျဆုံး

ရန်ကုန်၊ ဧပြီ ၈

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ နံသာရွာတွင် တပ်စွဲထားသော စစ်တပ်နှင့် KIA၊ PDF ပူးပေါင်းတပ်များအကြား ၂ ရက်ကြာ တိုက်ပွဲတွင် စစ်သား ၄၀ နီးပါး သေဆုံးကာ KIA၊ PDF တပ်ဖွဲ့ဝင် ၄ ဦး ကျဆုံးခဲ့ကြောင်း Indaw Revolution – IR ကပြောသည်။

ဧပြီလ ၆ ရက်နေ့ နံနက် ၉ နာရီခန့်အချိန် အင်းတော်မြို့မှ အနောက်ဘက် ၈ မိုင်ခန့်အကွာရှိ နံ့သာရွာ၌ ရက် ပေါင်း ၂၀ ကျော် ကြာ တပ်စွဲထားသော စစ် တပ်က နန့်သာရွာမှ မော်တိတ်ရွာဘက် သို့ စစ်ကြောင်းထိုးလာစဉ် KIA၊ KPDF ပူးပေါင်းတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၃၀ နီးပါး သေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း၊ KIA ရဲဘော် ၂ ဦး၊ KPDF ရဲဘော်တစ်ဦး ကျဆုံးခဲ့ ကြောင်း သိရသည်။

ဧပြီလ ၇ ရက်နေ့ နံနက် ၇ နာရီခန့်တွင် နံ့သာရွာအနီး တိုက်ပွဲဆက် လက် ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စ်သား ၁၀ ဦး ခန့်သေဆုံးကာ KPDF တပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့ကြောင်း၊ သေဆုံးဒဏ်ရာရ အကြမ်းဖက်စစ်သားများ ကို နာ ရေးကား တစ်စီး၊ စစ်ကားတစ်စီးဖြင့် အင်းတော်မြို့ တပ်ကုန်းထဲသို့ သယ်ဆောင်သွားပြီး သေဆုံး စစ်သားများကို တပ်ထဲတွင် သင်္ဂြိုလ်ကာ ဒဏ်ရာရစစ်သားများ ကို လည်း ကုသနေကြောင်း သိရသည်။

ယနေ့အချိန်အထိ အကြမ်းဖက်စစ်သား ၅၀ ခန့်မှာ အောင်းကုန်းရွာအတွင်း တပ်စွဲထားပြီး စစ်အင်အား ဖြည့်ရန်လာသော ၈၀ ခန့်မှာလည်း သက္ကယ်ကျင်း ရွာသို့ ရောက်နေကြောင်း၊ နံသာကျေးရွာအတွင်း အ ကြမ်းဖက်စစ်တပ်က ရက်ပေါင်း ၂၀ ကျော်ကြာတပ်စွဲထားသဖြင့် နန့်သာ၊ အောင်းကုန်း၊ အင်ပင် မော် တိတ်၊ ရွာသာယာရွာ တို့မှ ပြည်သူထောင်နှင့် ချီပြီး ထွက်ပြေး တိမ်း ရှောင်နေရကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article