24 C
Yangon

တနင်္သာရီတွင် စစ်ဘေးရှောင် တစ်သောင်းနီးပါးအတွက် အ​ရေးပေါ်ဆေးဝါး များ လိုအပ်နေ

Must read

တနင်္သာရီတွင် စစ်ဘေးရှောင် တစ်သောင်းနီးပါးအတွက် အ​ရေးပေါ်ဆေးဝါး များ လိုအပ်နေ

ရန်ကုန်၊ ဧပြီ ၈

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်ရှိ စစ်ဘေးရှောင်ပြည်သူတစ်သောင်း နီးပါး အတွက် အရေးပေါ်ဆေးဝါးတွေလိုအပ်နေတယ်လို့ နွေဦးမေတ္တာ-စစ်ဘေး ရှောင်ကူညီပံ့ပိုးရေးအဖွဲ့၏ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

“စစ်ရှောင်တွေအတွက် အဓိကက ဆန်ပေါ့။ ဆန်ကိုပဲ ဝယ်သိုထားတော့ တစ် ဖက်ကလိုအပ်သွားတာပါ။ ကော်မတီဘက်က လည်းဆေးတွေဝယ် စုတာ မျိုး နည်း ပါတယ်။ ”လို့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ဆေးဝါးနဲ့ပတ်သက်လာရင် နွေရာသီဖြစ်တဲ့အတွက် ဓာတ်ဆားကိုအဓိက လိုအပ် နေတာဖြစ်ပြီး ဖြစ်‌လေ့ဖြစ်ထရှိတဲ့ တုပ်ကွေး၊ ချောင်းဆိုပျောက်ဆေးနဲ့ အကိုက်အခဲပျောက်ဆေးတွေ အဓိကလိုအပ်နေတာဖြစ်တယ်လို့ သိရပါတယ်။

တနင်္သာရီတိုင်းတွင်းက စစ်ရှောင်အများစုဟာ နီးစပ်ရာခြံတွေထဲမှာပဲ ခိုလှုံနေ ကြ ပြီး အချို့ကတော့ တိုက်ပွဲဖြစ်ပွားတာမျိုးမရှိတဲ့ရွာတွေမှာ အိမ်ငှားနေကြ တယ်လို့ သိရပါတယ်။

တနင်္သာရီမြို့နယ်မှာ အခုလ အစပိုင်းမှာ စစ်ဘေးရှောင် နှစ်ထောင်ကျော် သာရှိခဲ့ပေမယ့်လည်း ဒီကနေ့မှာတော့ စစ်ရှောင်ဦးရေတစ်သောင်းနီးပါး အထိ ရှိနေပြီး ဒီထက်ပိုတိုးလာနိုင်တယ်လို့လည်း သတင်းနဲ့ပြန်ကြားရေး တာဝန်ခံ က ပြောပါတယ်။

“လက်ရှိ စကစဘက်က သဲဖြူမှာတန့်နေတယ်။ အရင်ရက်တွေက လက်နက် ကြီး နဲ့ မကြာခဏပစ်ပေမယ့် ငြိမ်နေတာသုံးရက်ရှိပြီ။ တခုခုကိုအရှိန်ယူနေ တဲ့ပုံမျိုး ဖြစ်နေတယ်။ ပွဲကတော့ငြိမ်ဖို့ မရှိဘူး” လို့ ပြောပါတယ်။

စစ်ရှောင်တွေဟာ လတ်တလော တိုက်ပွဲရက်ဆက်ဖြစ်နေတဲ့ သိန်ခွန်းကျေးရွာ အုပ်စုထဲက ချောင်နှစ်ပေါက်၊ သဲဖြူ ကြိမ်ချောင်းနဲ့ မောတောင် အမှတ် ၃ ရပ် ကွက် တို့မှ စစ်ဘေးရှောင်တွေအများဆုံးပါဝင်နေပြီး ဘန်းလမွတ်ကျေးရွာ အုပ်စု၊ တုံးဗျောရွာကျေးရွာအုပ်စုက ဒေသခံတွေလည်း ပါဝင်တယ်လို့ သိရပါ တယ်။

ဒေသပြည်သူ့ကာကွယ်ရေးတပ်တွေကတော့ အချိန်မရွေး တိုက်ပွဲထဖြစ်နိုင်တဲ့ တနင်္သာရီမြို့နယ်တွင်းက မြိတ်-ဘုတ်ပြင်းလမ်းမကြီးကို သွားလာခွင့် ပိတ်ထား ပါတယ်။

ပုံစာ – တနင်္သာရီမြို့နယ်က စစ်ဘေးရှောင်ပြည်သူတွေ။(Photo- နွေဦးမေတ္တာ စစ်ဘေးရှောင်ကူညီပံ့ပိုးရေးအဖွဲ့)

(The Tanintharyi Times သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article