29.2 C
Yangon

အလုံ လျှပ်စစ်ဓာတ်အားခွဲရုံ မီးလောင်၊ မီးများပြီး ကောင်းကင်ယံမှာ မီးခိုး လုံးတွေ တက်နေ

Must read

အလုံ လျှပ်စစ်ဓာတ်အားခွဲရုံ မီးလောင်၊ မီးများပြီး ကောင်းကင်ယံမှာ မီးခိုး လုံးတွေ တက်နေ

ရန်ကုန်၊ ဧပြီ ၈

ရန်ကုန်တိုင်း၊ အလုံမြို့နယ်၊ စောရန်ပိုင်ရပ်ကွက်၊ ကမ်းနားလမ်းရှိ အလုံလျှပ် စစ်ဓာတ် အားခွဲရုံတွင် ယနေ့ ညနေ ၆ နာရီ ၃၅ မိနစ်မှ စတင်၍ မီး လောင် ကျွမ်း လျက်ရှိကြောင်း ဒေသပြည်သူများက ပြောသည်။

လောင်နေတာက နာရီဝက်လောက်ရှိတော့မယ်။ မီးလည်းကြီးတယ်။ ကောင်း ကင်မှာ မီးခိုးလုံးတွေချည်းပဲ။ မီးသတ်ကားတွေလည်းသွားနေကြတာပဲ။ မီးမမှန် မှန် မပေးနိုင်ဘဲ ဓာတ်အားပေးစက်ရုံက မီးထလောင်တော့ မီးပိုပြတ်မှာ ပေါ့။ မီးလောင်တဲ့နားမှာ CNG ဓာတ်ငွေ့ဆိုင်တွေကော၊ စက်သုံးဆီအရောင်း ဆိုင် တွေ ကောရှိနေတယ်။ ရပ်ကွက်က လူတွေတော့ အထုပ်တပြင်ပြင်ဖြစ် ကုန် ပြီ” ဟု ဒေသပြည်သူတစ်ဦးက ပြောသည်။

မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ကမူ လက်ရှိ မီးလောင်ကျွမ်းမှုကို Level 3 အဆင့် သတ် မှတ်ထားပြီး ရန်ကုန်တိုင်းအတွင်းမှ မီးသတ်ကားအများအပြား ထွက်ခွာ မီးငြိမ်းသတ်နေကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article