32 C
Yangon

ရွှေဘို၊ မြင်းစီးရွာမှ သုံးဘီးဖြင့် ထွက်လာသည့် ပျူစောထီးများကို မိုင်းဆွဲ တိုက်ခိုက်မှု ၃ ဦးသေဆုံး

Must read

ရွှေဘို၊ မြင်းစီးရွာမှ သုံးဘီးဖြင့် ထွက်လာသည့် ပျူစောထီးများကို မိုင်းဆွဲ တိုက်ခိုက်မှု ၃ ဦးသေဆုံး

ရန်ကုန်၊ ဧပြီ ၈

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ မြင်းစီးရွာမှ သုံးဘီးဖြင့် ထွက်လာသည့် ပျူစောထီးများကို မိုင်းဆွဲ တိုက်ခိုက်ရာ ၃ ဦးသေဆုံးခဲ့ကြောင်း ဗိုလ်ကျားရိုင်း-ရွှေဘို (LPDF)အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၈ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် ရွှေဘိုမြိုနယ်၊ မြင်းစီး ပျူစောထီးရွာမှ ပျူစောထီး ခေါင်းဆောင် ဌေးအောင်၏ တပည့်‌‌များက သုံးဘီးများဖြင့် ကျေးရွာအတွင်းမှ ထွက်ခွာလာစဥ် မြို့လှရွာ ကြက်ခြံ အနီးတွင် တော်လှန်ရေး တပ်ဖွဲ့များက ပဒေသာမိုင်း အကြီးစားဖြင့် ၁ ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ဌေးအောင်၏ တပည့်ရင်း ပျူစောထီး တင်ဌေးအပါအဝင် ပျူစောထီး ၃ ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

” ပျူစောထီး တင်ဌေးအပါအဝင် စုစုပေါင်း ၃ ကောင် နေရာမှာတင် ပွဲချင်းပြီး သေသွားတယ်။ သုံးဘီးနဲ့ ဝရုန်းသုန်းကား အလောင်း ၃ လောင်းကိုတင်ပြီး မောင်းပြေးတာ အလောင်းတစ်လောင်းနဲ့ သေနတ်တွေပါ ကျကျန်ရစ်ခဲ့တယ်။ တော်လှန်ရေးအဖွဲ့တွေက သေနတ် ကောက်ဖို့ ကြိုးစားသေးတယ်။ သီးလုံး နဲ့ ဇီးဖြူကုန်းကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ခွေးတွေက နှစ်ဖက်ညှပ်လာလို့ ပြန်လည်ဆုတ်ခွာခဲ့ရတယ်” ဟု ဗိုလ်ကျားရိုင်း-ရွှေဘို (LPDF)အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ဗိုလ်ကျားရိုင်း-ရွှေဘို (LPDF) အဖွဲ့ နှင့် မင်းဂေါင် – SHWEBO (LDF)အဖွဲ့၊ ဗိုလ်ဂျပန်ကြီး(😭.T)- SHWEBO (LPDF)အဖွဲ့ ၊ တောင်သူကြီးများအဖွဲ့ -LDF၊ဖား‌ရွှေ‌ကျော် – ဒီပဲယင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ DOG KILLER- SHWEBO PEOPLE DEFENCE FORCE၊ မတစ်ထောင်( တစ်ကောင်ဘွား ) – ဒီပဲယင်းအဖွဲ့၊ နှင့် ရွှေဘိုမြို့နယ် တိုက်နယ်-၂ မဟာမိတ်အင်အားစုများမှ ပူးပေါင်း တိုက်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article