25 C
Yangon

စစ်ကိုင်း၊ တလိုင်းရွာကို စီးနင်းဖျက်ဆီးနေသည့် စစ်တပ်ကို PDF ကတိုက်ခိုက်၊ စစ်တပ်က Mi 35 ရဟတ်ယာဥ်ဖြင့်ပါ ပစ်ခတ်

Must read

စစ်ကိုင်း၊ တလိုင်းရွာကို စီးနင်းဖျက်ဆီးနေသည့် စစ်တပ်ကို PDF ကတိုက်ခိုက်၊ စစ်တပ်က Mi 35 ရဟတ်ယာဥ်ဖြင့်ပါ ပစ်ခတ်

ရန်ကုန်၊ ဧပြီ ၈

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ တလိုင်းရွာကို စီးနင်းဖျက်ဆီးနေသည့် အကြမ်းဖက် စစ်တပ်နှင့် PDF တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဂဠုန်မင်း ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၈ ရက်နေ့ မွန်းလွဲ ၂ နာရီမှ စတင်ကာ စစ်ကိုင်းမြို့နယ်၊ တလိုင်းရွာကို စီးနင်းဖျက်ဆီးနေသည့် အကြမ်းဖက် စစ်တပ်နှင့် PDF တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက် စစ်တပ်က Mi 35 ရဟတ်ယာဥ်ဖြင့် လာရောက် ပစ်ခတ်ခဲ့​ကြောင်း၊ တိုက်ပွဲအတွင်း စစ်သားများ ထိခိုက် သေဆုံးမှု အရေအတွက်ကို အတည်မပြုနိုင်သေးဘဲ မွန်းလွဲ ၄ နာရီခန့်တွင် တိုက်ပွဲပြီးဆုံးခဲ့ကြောင်း သိရသည်။

” တလိုင်းရွာကို ဝင်ရောက် ဖျက်စီးခဲ့တဲ့ အကြမ်းဖက် စစ်ခွေးတွေကို ဂဠုန်မင်း ပြောက်ကျားတပ်ဖွဲ့နဲ့ ကောင်းကင်တပ်ဖွဲ့တို့က ဝင်ရောက် တိုက်ခိုက်ခဲ့တယ်။ စစ်ခွေးတွေ ဘက်က Mi 35 ရဟတ်ယာဥ်နဲ့ ပြန်လည် တိုက်ခိုက်တာတွေပြုလုပ်ခဲ့တယ်။ နေအိမ်​တွေ ထိခိုက် ပျက်စီးတာတော့ရှိတယ်။ စစ်ခွေးတွေရဲ့ အကျအဆုံး အထိအခိုက်တော့ မသိရ သေးဘူး။ ကျွန်တော်တို့ကတော့ အထိအခိုက်အကျအဆုံးမရှိပါဘူး” ဟု ဂဠုန်မင်း ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article