33 C
Yangon

ရန်ကုန်တိုင်း အစိုးရ အဖွဲ့ရုံးရှေ့ရှိ ဗဟို သင်္ကြန်မဏ္ဍပ် ၂ ခုကို အဝေးထိန်း မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်

Must read

ရန်ကုန်တိုင်း အစိုးရ အဖွဲ့ရုံးရှေ့ရှိ ဗဟို သင်္ကြန်မဏ္ဍပ် ၂ ခုကို အဝေးထိန်း မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်

ရန်ကုန်၊ ဧပြီ ၈

ရန်ကုန်မြို့၊ ရန်ကုန်တိုင်း အစိုးရ အဖွဲ့ရုံးရှေ့ ပြည်သူ့ရင်ပြင်ရှိ အကြမ်းဖက်စစ်တပ် ကျင်းပမည့် သင်္ကြန် မဏ္ဍပ် ၂ ခုကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Dark Shadow(YGN UG) အဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ ဧပြီလ ၈ ရက် ညနေ ၆ နာရ မိနစ် ၅၀ ခန့်က စမ်းချောင်း ရဲစခန်းရှေ့ မြို့နယ် ရေကစား မဏ္ဍပ်နှင့် ဒဂုံမြို့နယ်၊ ရန်ကုန်တိုင်း အစိုးရ အဖွဲ့ရုံးရှေ့ရှိ ဗဟိုသင်္ကြန်မဏ္ဍပ်တို့ကို အဝေးထိန်းမိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါဖောက်ခွဲတိုက်ခိုက်မှုနှင့် ပတ် သက် ထိခိုက်ပျက်စီးမှုအခြေအနေ မသိရသေးကြောင်း၊ ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့များအနေဖြင့် အထိအခိုက်မရှိ ဘေးကင်လုံခြုံစွာဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

“မြေပြင်အခြေအနေကတော့ ချက်ချင်းမသိနိုင်ဘူးဗျ၊ အတော်လေးစောင့်ရတယ်၊ ရဲဘော်တွေအားလုံး ဘေးကင်းပြီး မြေပြင်အခြေအနေ ဆက်သယ်လာမှ သိရမှာပါ၊ ရဲဘော်အားလုံးကတော့ ဘေးကင်းလုံခြုံ စွာ ဆုတ်ခွာနိုင်ခဲ့ပါတယ်” ဟု Dark Shadow(YGN UG) အဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ် သတင်းဌာနထံသို့ ပြောကြားသည်။

Dark Shadow (YGN UG) အဖွဲ့အနေဖြင့် အကြမ်းဖက်စစ်ကောင်စီမှ ကျင်းပသော သင်္ကြန်ပွဲကို လက် မခံကြောင်းနှင့် အကြမ်းဖက် စစ်ကောင်စီကို အားပေးထောက်ခံပြီး စစ်ကောင်စီအလိုကျ သင်္ကြန်ပွဲဖြစ် မြောက်စေရန် ပူးပေါင်းပါဝင်နေသူများကို ပြင်းထန်စွာ သတိပေးသည့် အနေဖြင့် ယခုမစ်ရှင်ကို လုပ် ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ သင်္ကြန်ပွဲကာလအတွင်း၌လည်း အကြမ်းဖက် စစ်ကောင်စီကို အခွန်ပေး ဆောင်ကာ သင်္ကြန်ပါတီ ပျော်ပွဲ၊ ရွှင်ပွဲများပြုလုပ်နေသည့် မြို့နယ်ရေကစားမဏ္ဍပ်များကို ဆက်လက် တိုက်ခိုက်သွားမည် ဖြစ်ကြောင်း အသိပေးထားသည်။

မိဘပြည်သူများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီက ကျင်းပပြုလုပ်မည့် သင်္ကြန်ပွဲကို မပါဝင်ပဲ ဆန့် ကျင်ခြင်းဖြင့် တော်လှန်သင်္ကြန်တွင် ပူးပေါင်းပါဝင်ပေးကြပါရန် Dark Shadow (YGN UG) မှ မေတ္တာ ရပ်ခံထားသည်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article