32 C
Yangon

စစ်ကိုင်းမြို့နယ်၊ တလိုင်းကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က ရဟတ်ယာဉ်ဖြင့် ပစ်ခတ်မှု အသက် ၆၀ ကျော်အရွယ် အဘိုးအို တစ်ဦးဒဏ်ရာရ ၊ တလိုင်းကျေးရွာကို စစ်တပ်က မီးတင်ရှို့သွား

Must read

စစ်ကိုင်းမြို့နယ်၊ တလိုင်းကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က ရဟတ်ယာဉ်ဖြင့် ပစ်ခတ်မှု အသက် ၆၀ ကျော်အရွယ် အဘိုးအို တစ်ဦးဒဏ်ရာရ ၊ တလိုင်းကျေးရွာကို စစ်တပ်က မီးတင်ရှို့သွား

ရန်ကုန်၊ ဧပြီ ၉

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ တလိုင်းကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က ရဟတ်ယာဉ်ဖြင့် ပစ်ခတ်ရာ အသက် ၆၀ ကျော်အရွယ် အဘိုးအိုတစ်ဦး ဒဏ်ရာရရှိကြောင်း ဒေသပြည်သူများက ပြောဆိုသည်။

ဧပြီလ ၈ ရက်နေ့ ညနေ ၃ နာရီ ၅၀မိနစ်အချိန် စစ်ကောင်စီတပ်က ရဟတ်ယာဉ်ဖြင့် အကြောင်းမဲ့ လာရောက်ပစ်ခတ်ကြောင်း၊ ပစ်ခတ်မှုကြောင့် အသက် ၆၀ ကျော် အဘိုးအိုတစ်ဦးကျည်ထိမှန်ခဲ့ကြောင်း တလိုင်ကျေးရွာသားများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

“တလိုင်းကျေးရွာကို စစ်ကောင်စီက အခုလိုပစ်ခတ်တာက မြေပြင်မှာ စစ်ပွဲမဖြစ်ဘဲ လေယာဉ်နဲ့ အကြောင်းမဲ့လာရောက်ပစ်ခတ်တာဟာ ပြီးခဲ့တဲ့ ဧပြီ၇ရက်နေ့က တော်လှန်ရေးရဲဘော်တစ်ဦးအဖမ်းခံရပြီး သတင်ပေါက်ကြားရာကနေ အခုလိုလေယာဉ်နဲ့ပစ်ခတ်တာဖြစ်နိုင်တယ်။ လေယာဉ်နဲ့ပစ်တာက မနက်ခင်း ၁၁ နာရီကတစ်ကြိမ် Mi35နဲ့ ပစ်တယ်။မြေပြင်ကိုလည်း ဗိုက်ဖောင်းရဟတ်ယာဉ်နဲ့ လူတွေချတယ်။ အဲဒီလိုစစ်သားတွေချပြီး ညရွာထဲဝင်တယ်။ ရွာထဲဝင်ပြီး ရွာကိုလည်း မီးရှို့တယ်။ ညနေ၃နာရီ၅၀မိနစ်မှာ Mi35 နဲ့ရွာကို ထပ်ပစ်တယ်။ တစ်ရက်တည်းနဲ့ ၂ ကြိမ်လာပစ်တယ်။ သူတို့ထွက်သွားပြီး ရွာထဲဝင်ကြည့်တော့ ခြုံထဲမှာညက ကျည်မှန်ထားတဲ့အသက်၆၀ကျော်အရွာအဖိုးအိုတစ်ဦး ကိုတွေ့ခဲ့ရတယ်။သွေးထွက်များပြီး သတိလည်းမေ့နေတယ်။ စစ်တပ်က ရွာထဲပြန်ဝင်လာနိုင်လို့ ကမန်းကတန်း ရွာထဲကနေ ပြန်ထွက်လာခဲ့ရတယ်။လူနာကိုတော့ကယ်ထုတ်ပြီး လက်ရှိ ဆေးကုသပေးနေတယ်” ဟု တလိုင်းကျေးရွာသားတစ်ဦးက ရှင်းပြသည်။

ရဟတ်ယာဉ်ဖြင့် ပစ်ခတ်ပြီးနောက် စစ်တပ်က တလိုင်းကျေးရွာအတွင်း ဆိုင်ကယ်များ၊ လူနေအိမ်များကို မီးတင်ရှို့ခဲ့ပြီး မီးလောင်သွားသည့်အိမ်ခြေစာရင်းအတိကျကို အတည်မပြုနိုင်သေးကြောင်း ဒေသပြည်သူများက ဆိုကြသည်။

လက်ရှိအချိန်အထိ စစ်ကောင်စီတပ်က တလိုင်းရွာအနီး အုတ်ဖိုကျေးရွာတွင် ဝင်ရောက်နေကာ ဒေသခံပြည်သူကာကွယ်ရေးအဖွဲ့များနှင့် စစ်ရေးအခြေအနေတင်းမာနေကြောင်း၊ ဒေသပြည်သူများမှာ လက်ရှိအချိန်အထိ စစ်ဘေးရှောင်နေရဆဲဖြစ်ကြောင်း ဒေသပြည်သူများ၏ အဆိုအရ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article