28 C
Yangon

ပေါင်းတည်တွင် အကြမ်းဖက်စစ်ကောင်စီက ဟန်ပြကျင်းပမည့် သင်္ကြန်ပွဲအား သပိတ်မှောက်ရန် ဗဟိုမဏ္ဍပ်ကို အသံမိုင်းဖောက်ခွဲ သတိပေး

Must read

ပေါင်းတည်တွင် အကြမ်းဖက်စစ်ကောင်စီက ဟန်ပြကျင်းပမည့် သင်္ကြန်ပွဲအား သပိတ်မှောက်ရန် ဗဟိုမဏ္ဍပ်ကို အသံမိုင်းဖောက်ခွဲ သတိပေး

ရန်ကုန်၊ ဧပြီ ၉

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီက ၎င်း တို့ ၏ အကျိုးစီးပွားအတွက် ဟန်ပြကျင်းပမည့် သင်္ကြန်ပွဲ‌တော်ကို သပိ‌တ် မှောက် ဆန့်ကျင်ကြရန် တိုက်တွန်းသည့်အနေဖြင့် ဗဟိုမဏ္ဍပ်ကို ဧပြီလ ၉ ရက်နေ့ နံနက် ၅ နာရီခန့်အချိန် ပေါင်းတည်မြို့နယ်ပကဖ (နွေဦးအဖွဲ့)က အသံမိုင်းခွဲ၍ သတိပေးလိုက်ကြောင်း PPDF တပ်ရင်း ၃၆၀၁ ၏ သတင်း ပြန်ကြားတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီက သင်္ကြန်ပွဲတော်ဖြစ်မြောက်ရေးအတွက် ပေါင်း တည်မြို့နယ်တွင်ကံစမ်းမဲလက်မှတ်များပြုလုပ်ပြီး ၎င်းတို့၏ လက်အောက်ခံ ထွေ/အုပ်စာရေးများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် ဌာနဆိုင်ရာများမှ တဆင့် လောင်းကစားဒိုင်များ၊ သစ်မှောင်ခိုသမားများ၊ စီးပွားရေးလုပ်ငန်းရှင် များနှင့် ဌာနဆိုင်ရာ NON CDM ဝန်ထမ်းအသီးသီးထံ လက်မှတ်များရောင်း ချ၍ ဆက်ကြေးကောက်ခံခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ စစ်ကောင် စီ သည် ၎င်း၏ရက်စက်ယုတ်မာမှုများနှင့် ကျူးလွန်ဆောင်ရွက်လျက်ရှိသော စစ်ရာဇဝတ်မှုပေါင်းများစွာတို့ကို ဖုံးကွယ်လိမ်ညာ၍ ပြည်သူလူထုအား အာရုံ လွဲ မှားစေရန် မြန်မာ့နှစ်သစ်ကူး အတာသဘင်ပွဲကို ၎င်းတို့ အကျိုးစီးပွားအ တွက် ဟန်ပြကျင်းပနိုင်ရေး အပူတပြင်းဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ကြောင့် သတိပေးဖောက်ခွဲဖြစ်ကြောင်း သိရှိရသည်။

တော်လှန်ရေးအင်အားစုများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီ၏ အကျိုး စီးပွား အဖြစ် အသုံးချလျက်ရှိ‌သော အပျော်သင်္ကြန်ကို ပြည်သူများက သပိ‌တ် မှောက်ငြင်းဆန်၍ တော်လှန်သင်္ကြန်ကို ဆင်နွှဲကြရန် ထုတ်ပြန် တိုက်တွန်း ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article