26 C
Yangon

မြင်းခြံမြို့နယ်၊ မင်းစုံတောင်ခြေတွင် တိုက်ပွဲဖြစ်ပြီး စစ်ကူလာသော ယာဉ်တန်း ကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၁၄ ဦးသေဆုံးပြီး PDF ၂ ဦးကျဆုံး

Must read

မြင်းခြံမြို့နယ်၊ မင်းစုံတောင်ခြေတွင် တိုက်ပွဲဖြစ်ပြီး စစ်ကူလာသော ယာဉ်တန်း ကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၁၄ ဦးသေဆုံးပြီး PDF ၂ ဦးကျဆုံး

ရန်ကုန်၊ ဧပြီ ၉

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ မင်းစုံတောင်ခြေ၌ တိုက်ပွဲဖြစ်ပြီး ယင်းတိုက်ပွဲကို စစ်ကူလာသော အကြမ်းဖက်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၁၄ ဦးသေဆုံးပြီး PDF ၂ ဦးကျဆုံးခဲ့ကြောင်း မြင်းခြံခရိုင်တပ်ရင်း – ၄ (နွားထိုးကြီး PDF) မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ သို့ပြော ကြား သည်။

ယမန်နေ့ ဧပြီလ ၈ ရက်နေ့ နံနက် အစောပိုင်း ၂ နာရီခန့်အချိန် ယုန်တိုး တောင် ဘက် တကြောကို စစ်ကြောင်းထိုးပြီး ပြန်လာသော အ ကြမ်းဖက် စစ်သား ၃၀ ခန့်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ တိုက်ခိုက်ခဲ့ရာ တစ်နာရီ ခွဲခန့် အပြန်အလှန်ပစ်ခတ်တိုက်ပွဲဖြစ်ခဲ့ပြီး ယင်းတိုက်ပွဲအား မြင်းခြံမြို့မှ စစ်ကူ လာသော အ ကြမ်းဖက်စစ်ကြောင်းကို ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်း ဖက်စစ်သား ၁၄ ဦးအထက်သေဆုံးပြီး မြင်းခြံခရိုင်တပ်ရင်း ၄ မှ တပ်ဖွဲ့ဝင် ၂ ဦး ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“တိုက်ပွဲဖြစ်တာက မင်းစုံတောင်ခြေရင်းမှာဖြစ်တာ၊ တိုက်ပွဲက တစ်နာရီ ခွဲ လောက် အပြန်အလှန် ပစ်ခတ်မှုဖြစ်ခဲ့တယ်၊ အဲဒီတိုက်ပွဲကို မြင်းခြံမြို့ပေါ်က စစ်ကူထွက်လာတဲ့ ယာဉ်တန်းကို ထပ်မိုင်းဆွဲခဲ့တာ၊ မိုင်းဆွဲပြီးတော့ ၅ မိနစ် လောက်အပြန်အ လှန် ပစ်ခတ်ခဲ့တယ်၊ စစ်ခွေးတွေအထိနာတော့ မိုင်းဆွဲခံရတဲ့ နေရာမှာတင်ပဲ သေဆုံး ထိခိုက်ဒဏ်ရာတဲ့ စစ်ခွေးတွေကို ကားပေါ်တင်ပြီး ပြန် ဆုတ်သွားတယ်” မြင်းခြံ ခရိုင် တပ်ရင်း ၄ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို Natogyi People Defense Force မြင်းခြံရိုင်အမှတ် ၄ တပ်ရင်း ၊ မြင်းခြံခရိုင်အမှတ် ၁ တပ်ရင်း ၊ PDF-MDY ၊ နဂါးနီ ပြောက်ကျား တပ်ဖွဲ့မြင်းခြံ ၊ ရွှေခြံသားပြောက်ကျားတပ်ဖွဲ့၊ ဗိုလ်စား ပြောက်ကျား တပ်ဖွဲ့ တို့ပူးပေါင်းကာတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲအတွင်းမှ အကြမ်းဖက် စစ်သား များ အသုံးပြုသော MA-3 သေနတ် တစ် လက်၊ ၄၀ မမ တစ် လက် တို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article