25 C
Yangon

ဟားခါး-ဖလမ်း လမ်းပိုင်းတွင် စစ်တပ်၏ ကုန်တင်ကား ၂ စီးကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက သိမ်းယူ

Must read

ဟားခါး-ဖလမ်း လမ်းပိုင်းတွင် စစ်တပ်၏ ကုန်တင်ကား ၂ စီးကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက သိမ်းယူ

ရန်ကုန်၊ ဧပြီ ၉

ချင်းပြည်နယ်၊ ဟားခါး-ဖလမ်း လမ်းပိုင်းတွင် အကြမ်းဖက် စစ်တပ်၏ ကုန်တင်ကား ၂ စီးကို တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့များက သိမ်းယူခဲ့ကြောင်း The Chin Journal မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ အတွင်း ဟားခါး-ဖလမ်း လမ်းပိုင်း၌ ကုန်တင်ကားများဖြင့် တက်လာသည့် အကြမ်းဖက် စစ်တပ် ယာဥ်တန်းကို CNA၊ CNDFနှင့် CDF ပူးပေါင်းတပ်ဖွဲ့များက အကြိမ်ကြိမ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းသို့ တိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက် စစ်တပ်က ၁၂ ဘီးကား ၁ စီးနဲ့ ၆ ဘီးကား ၁ စီးကို ဟားခါး-ဖလမ်း လမ်းပိုင်းတွင် ထားခဲ့ပြီး တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့များက သိမ်းယူခဲ့ခြင်း ဖြစ်‌ကြောင်း သိရှိရသည်။

” ဟားခါး-ဖလမ်း လမ်းပိုင်းမှာ စစ်ကောင်စီ စစ်ကြောင်းကို CNA၊ CNDFနဲ့ CDF တို့က ပူးပေါင်း တိုက်ခိုက်ခဲ့တာပါ။ စစ်တပ်က ချန်ထားခဲ့တဲ့ ကား ၂ စီးကို ပူးပေါင်းတပ်တွေက သိမ်းယူခဲ့တာ” ဟု The Chin Journal မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ရမ်ထလိုကျေးရွာအတွင်းရှိ ပြည်သူပိုင် နေအိမ် ၁၈ လုံးကို ဧပြီ ၆ ရက်နေ့ကလည်း မီးရှို့ ဖျက်ဆီးသွားကြောင်း သိရသည်။

Photo crd – The Chin Journal

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article