22 C
Yangon

မလေးရှားရေပိုင်နက်တွင် မြန်မာရွှေ့ပြောင်း လုပ်သား ၁၆ ဦးဖမ်းဆီးခံရ

Must read

မလေးရှားရေပိုင်နက်တွင် မြန်မာရွှေ့ပြောင်း လုပ်သား ၁၆ ဦးဖမ်းဆီးခံရ

ရန်ကုန်| ဧပြီ ၉

မြန်မာနိုင်ငံသား ၁၆ဦးပါသည့် သင်္ဘောတစ်စီးကို ဧပြီ ၈ ရက်နေ့က မလေးရှား ရေပိုင်နက် လန်ကာဝီဘက် ထဲတွင် တရားမဝင် ဝင်ရောက်လာသူဟု သံသယရှိ သူများကို ဖမ်းဆီးမိခဲ့ကြောင်း မလေးရှားကမ်းခြေစောင့်ဖွဲ့က သတင်းထုတ်ပြန် သည်။

အဆိုပါ သင်္ဘောတွင် အမျိုးသား ၁၃ ဦးနှင့် အမျိူးသမီး ၆ ဦးပါဝင်ပြီး မလေးရှား ကွာလာကေဒါ ရေကြောင်းရုံးက ကင်းလှည့် သင်္ဘောဖြင့် ပုံမှန်အတိုင်း ကင်း လှည့် နေသည့်အချိန်တွင် လန်ကာဝီဘက်က လာသော သင်္ဘောတစ်စီးကို စစ်ဆေးရာတွင် ယင်းကဲ့သို့ ဖမ်ဆီး ရမိခြင်းဖြစ်သည်။

ဖမ်းဆီးရမိသူများထဲတွင် မြန်မာနိုင်ငံသား ၁၆ ဦးနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၃ ဦးတို့ ပါဝင်ပြီး ၎င်းတို့ကို ကွာလာကေဒါ ရေကြောင်းဇုန်ရုံးကို ပို့ဆောင် ထား ကြောင်း မလေးရှားအာဏာပိုင်များက ပြောသည်။

ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသားများထဲတွင် ကုလသမဂ္ဂဒုက္ခသည်ဆိုင်ရာ မဟာမင်းကြီးရုံး UNHCR၏ လျှောက်လွှာမိတ္တူတစ်စောင်သာပါရှိပြီး နောက် ထပ် ဘင်္ဂလားဒေ့ရှ်နိင်ငံသားများတွင် အထောက်အထား တစ်စုံ တရာ မပါရှိကြောင်း မလေးရှားအာဏာပိုင်များက ဆက်လက် ပြောသည်။

မြန်မာနိုင်ငံသား ၁၆ ဦးနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၃ဦး စုစုပေါင်း ၁၉ ဦးနှင့် ပတ် သက်ပြီး အသေးစိတ် အချက်အလက်များကို မလေးရှားအာဏာပိုင်များက ဆက်လက် ပြောဆိုခြင်း မရှိသော်လည်း ဖမ်းဆီးခံရသူများကို အရေးယူဆောင် ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

တရားမဝင် ခိုးဝင်သူများသည် မလေးရှားနိုင်ငံ၏ လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေ 1959/63 ပုဒ်မ ၆ (၁)(ဂ)အရ မလေးရှားရင်းဂစ်ငွေ ၁၀၀၀၀ ထက်မပိုသော ပြစ်ဒဏ်ဖြစ်စေ၊ ၅နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ၆ကြိမ်ထပ်မပိုသော ကြိမ်ဒဏ်ဖြစ်စေ ချမှတ်ခံရနိုင်ကြောင်း သိရသည်။

ပြီးခဲ့သည် မတ်လ ၂၉ရက်နေ့ကလည်း မလေးရှားရေပိုင်နက်တွင် မြန်မာနိုင်ငံသား ၅ဦးပါဝင်သည့် ငါးဖမ်းလှေ တစ်စီး အဖမ်းခံခဲ့ရသည့် ဖြစ်စဥ်များ ရှိခဲ့သည်။

ပုံစာ – အဖမ်းခံရတဲ့မြန်မာနိုင်ငံသားများနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေ (APMM)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article