20 C
Yangon

စစ်တပ်ထောက်ခံသော ပါတီများအတွက် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များက ပါတီဝင်များ လိမ်လည်လက်မှတ်ရေးထိုးခိုင်းပြီး ကောက်ခံနေ

Must read

စစ်တပ်ထောက်ခံသော ပါတီများအတွက် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များက ပါတီဝင်များ လိမ်လည်လက်မှတ်ရေးထိုးခိုင်းပြီး ကောက်ခံနေ

ရန်ကုန်၊ ဧပြီ ၉

အကြမ်းဖက်စစ်ကောင်စီက စစ်တပ်ထောက်ခံသော ပါတီများအတွက် ပါတီဝင်များ ရရှိရေး ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များကို ပါတီဝင်ဦးရေ လိမ်လည် လက်မှတ်ရေးထိုးကောက်ခံခိုင်းနေကြောင်း‌ သိရှိရသည်။

ဧရာ၀တီတိုင်း၊ ညောင်တိုင်းမြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့များက အမည်ဖော်ပြထားခြင်းမရှိသော နိုင်ငံရေးပါတီများ စည်းရုံးရရှိပြီးသော ပါတီဝင် အင်အားစာရင်း များကို ကျေးရွာများနှင့် ရပ်ကွက်များတွင် တစ်အိမ်တက်ဆင်း လိုက်လံ လက်မှတ်ရေးထိုး ခိုင်းကြောင်း၊ မဖြစ်မနေ ထိုးပေးရမည်ဟုဆိုပြီး မည်သည့် ပါတီအတွက် ဖြစ်သည်ကို မပြောသော်လည်း စစ်တပ်ထောက်ခံသော ပါတီများအတွက် ပြောဆိုကြောင်း သိရှိရသည်။

“ပါတီနေရာမှာကွက်လပ်ထားပြီး ရွာတွေဘက်ကအိမ်တွေကိုတအိမ်တက်ဆင်းလိုက်ပြီးနာမည်၊ မှတ်ပုံတင် လက်မှတ်တွေအတင်းထိုးခိုင်းတယ်။ ညောင်တုန်းမြို့နယ်ထဲကညောင်ကုန်းရွာမှာ ဒီနေ့ လိုက်ထိုးခိုင်းတယ်။ ဆယ်အိမ်မှူးတွေကို စာရွက်တွေအများကြီးပေးပြီးလိုက်လုပ်ခိုင်းတယ်။

ဘယ်ပါတီလို့ မပြောဘူး။ ပါတီနေရာမှာကွက်လပ်ချန်ထားတယ်။ ပြီးမှပါတီနာမည်သူတို့ဘာသာထည့်မယ့်သဘောပဲ။ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ တွေက လုပ်နေတာ။ ညောင်တုန်းမြို့ပေါ်ကိုအချိန်မှီပို့ရမယ်ပြောပြီးဇွတ် လက်မှတ်တွေ ထိုးခိုင်းနေတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီ၏ နိုင်ငံရေးပါတီ မှတ်ပုံတင်ခြင်းဥပဒေသစ်အရ ပြည်ထောင်စုတစ်ဝန်းလုံးအတွက် လှုပ်ရှားမည့် နိုင်ငံရေးပါတီများသည် ပါတီဝင် ၁ သိန်း တင်ပြရမည်ဖြစ်ရာ စစ်တပ်ထောက်ခံသော ကြံ့ဖွတ်ပါတီနှင့် မိတ်ဖက်ပါတီများအတွက် လုံလောက်သော ပါတီဝင် အရေအတွက် ရရှိစေရေး စစ်တပ်က လုပ်ဆောင်ခြင်းဖြစ်နိုင်သည်ဟု ဒေသခံတချို့က ဆိုကြသည်။

“ဘုမသိ ဘမသိနဲ့ ထိုး ၊ မထိုးလို့မရဘူးဆိုပြီး အတင်းအကျပ် ထိုးခိုင်းတာ။ လက်မှတ်ထိုးထားတဲ့သူတွေလည်း ကိုယ်ဘယ်ပါတီဝင် ဖြစ်မှန်းတောင် သိလိုက်မှာမဟုတ်ဘူး။ ဒါတွေကို လုပ်တာက မြို့နယ်နဲ့ ရပ်ကွက်အုပချုပ်ရေးကိုယ်တိုင် ပါ နေတာမို့ စစ်တပ်က လုပ်ခိုင်းတယ်လို့ပဲ ထင်ပါတယ်” ဟု အခြားဒေသခံတစ်ဦးက ပြောဆိုသည်။

လက်ရှိတွင် အကြမ်းဖက်စစ်ကောင်စီ၏ ရွေးကောက်ပွဲမရှင်ထံ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်သည့် နိုင်ငံရေးပါတီ ၆၀ နီးပါးရှိပြီး NLD ပါတီ၊ SNLD ပါတီအပါအဝင် ပါတီ ၄၀ မှာ ပြန်လည်မှတ်ပုံတင်ခြင်းမရှိခဲ့ပေ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article