25 C
Yangon

ပဲခူးတွင် ကုလသမဂ္ဂတံဆိပ်ကပ် ရိက္ခာတင်ကားများ ဖြတ်သန်းပြီး ကယား ပြည် နယ်သို့ လူသားချင်း စာနာထောက်ထားမှု အကူအညီများပေးပို့ခဲ့ဟု မြန်မာနိုင်ငံဆိုင်ရာ WFP ဌာနေ ကိုယ်စားလှယ် ပြောဆို

Must read

ပဲခူးတွင် ကုလသမဂ္ဂတံဆိပ်ကပ် ရိက္ခာတင်ကားများ ဖြတ်သန်းပြီး ကယား ပြည် နယ်သို့ လူသားချင်း စာနာထောက်ထားမှု အကူအညီများပေးပို့ခဲ့ဟု မြန်မာနိုင်ငံဆိုင်ရာ WFP ဌာနေ ကိုယ်စားလှယ် ပြောဆို

ရန်ကုန်၊ ဧပြီ ၉

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်တွင် ရိက္ခာတင် WFP ကားများ ဖြတ်သန်းပြီး ကယားပြည်နယ် အတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီများပေး ပို့ခဲ့ကြောင်း ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ WFP ဌာနေကိုယ်စားလှယ် Mr. Stephen Anderson က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ပဲခူးတိုင်း၊ တောင်ငူမြို့မှ ပြည်သူတချို့က WFP အမှတ်တံဆိပ်ကပ်၍ စစ်တပ် အတွက် ရိက္ခာများ သယ်ယူပို့ဆောင်မှုများရှိနေသည်ဟု ရန်ကုန်ခေတ်သစ်က ယနေ့ သတင်းဖော်ပြပြီးနောက် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ WFP ဌာနေ ကိုယ်စားလှယ် Mr. Stephen Anderson က ရန်ကုန်ခေတ်သစ် သတင်း ဌာန ထံသို့ အထက်ပါအတိုင်း ဆက်သွယ် အသိပေးလာခြင်းဖြစ်သည်။

“ကျနော်တို့ WFP ရဲ့ ရိက္ခာသယ်ဆောင်လာတဲ့ ကား ၁၂ စီးဟာ ပဲခူးတိုင်း ဒေသ ကြီးကို ဧပြီလ ၄ ရက်နေ့က ဖြတ်သန်းသွားလာခဲ့ပါတယ်။ အဲ့ဒီယာဥ်တန်းဟာ ကယားပြည်နယ်အတွင်း ကျွန်တော်တို့ပေးအပ်နေတဲ့ လူသားချင်း စာနာမှု ဆိုင်ရာ အထောက်အပံ့တွေထဲက တစ်စိတ်တစ်ပိုင်းကို သယ်ဆောင် သွားတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ရိက္ခာတင်ယာဉ်တွေနဲ့ ဝန်ထမ်းတွေရဲ့ လုံခြုံရေး အတွက် အခုလိုမျိုး မြန်မာနိုင်ငံသူ နိုင်ငံသားတွေ စိုးရိမ်စိတ်ပူပန်ပေးတာကို ကျေးဇူးတင်ပါတယ်။ ပဋိပက္ခဒဏ်ခံနေရတဲ့ ဒေသတွေမှာနေထိုင်ကြတဲ့ အကူ အညီလိုအပ်နေတဲ့ သူတွေအတွက် မရှိမဖြစ်လိုအပ်တဲ့အကူအညီတွေကို ဘေး အန္တရာယ်ကင်းကင်း ပို့ဆောင်ပေးနိုင်ဖို့ ကျွန်တော်တို့ဘက်က အထူးကြိုးစား ဆောင်ရွက်နေပါတယ်” ဟု မြန်မာနိုင်ငံဆိုင်ရာ WFP ဌာနေကိုယ်စားလှယ် Mr. Stephen Anderson က ပြောဆိုသည်။

တောင်ငူမှ ပြည်သူတချို့ကမူ ကုလသမဂ္ဂ အမှတ်တံဆိပ်ကပ်၍ စစ်တပ် အတွက် ရိက္ခာများ သယ်ယူပို့ဆောင်မှုများ ရှိမည်ကို စိုးရိမ်ကြသဖြင့် ရန်ကုန် ခေတ်သစ်သတင်းဌာနသို့ သတင်းပေးပို့ ခဲ့ကြခြင်းဖြစ်ပြီး အမှန်တကယ် အကူ အညီလိုအပ်နေသူများထံသို့ ရိက္ခာနှင့်ဆေးဝါး များရောက်ရှိစေရန်အတွက် စောင့် ကြည့်ခြင်းဖြစ်သည်ဟု ဆိုကြသည်။

မြန်မာနိုင်ငံဆိုင်ရာ WFP ဌာနေကိုယ်စားလှယ် Mr. Stephen Anderson ကမူ “အခုလိုမျိုးကျွန်တော်တို့ ကြိုးစားဆောက်ရွက်နေတဲ့အပေါ်မှာ ရပ်ရွာလူထုရဲ့ ဆက် လက်ပံ့ပိုးကူညီမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုအပေါ် ကျွန်တော်တို့အနေနဲ့ အများကြီး အားထားရပါတယ်” ဟု ပြောဆိုထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article