27.4 C
Yangon

ကသာမြို့နယ်ရှိ ကျေးရွာ ၃ ရွာကို စစ်တပ်က ၆ ရက်ဆက် စီးနင်း မီးရှို့ပြီး တိုက်လေယာဥ်ဖြင့် ဗုံးကျဲ သောကြောင့် ရွာလုံးကျွတ် ပြာကျ

Must read

ကသာမြို့နယ်ရှိ ကျေးရွာ ၃ ရွာကို စစ်တပ်က ၆ ရက်ဆက် စီးနင်း မီးရှို့ပြီး တိုက်လေယာဥ်ဖြင့် ဗုံးကျဲ သောကြောင့် ရွာလုံးကျွတ် ပြာကျ

ရန်ကုန်၊ ဧပြီ ၉

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်ရှိ ကျေးရွာ ၃ ရွာကို အကြမ်းဖက် စစ်တပ်က ၆ ရက်ဆက် စီးနင်းမီးရှို့ပြီး တိုက်လေယာဥ်ဖြင့် ဗုံးကျဲသောကြောင့် ရွာလုံးကျွတ် ပြာကျခဲ့ကြောင်း Tigyaing Revolution – TR အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၂ ရက်နေ့မှ စတင်ကာ ၇ ရက်နေ့ထိ အကြမ်းဖက် စစ်တပ်က ကသာမြို့နယ်၊ ပေလမ်းကုန်း၊ ကျွန်းတောကုန်နှင့် ပျဥ်းလေပင်ရွာတို့ကို ဝင်ရောက် စီးနင်းခဲ့ပြီး ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထို့ပြင် ဧပြီလ ၄ ရက်နေ့ ည ၈ နာရီခန့်တွင် အဆိုပါ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က တိုက်လေယာဥ်ဖြင့် ၂ ကြိမ် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

” ကသာမြို့နယ် ပေလမ်းကုန်း၊ ကျွန်းတောကုန်း နဲ့ ပျဉ်းလေးပင်ရွာတွေကို ၆ ရက်ဆက် စစ်ခွေးတွေက စီးနင်းမီးရှို့ခဲ့တယ်။ နောက်ပြီး ၄ ရက်နေ့ ည ၈ နာရီမှာ တိုက်လေယာဥ်နဲ့ ၂ ကြိမ် ဗုံးကျဲတိုက်ခိုက်ခဲ့တယ်။ စစ်ခွေးတွေ မီးရှို့ဖျက်ဆီးလို့ကျေးရွာ ၃ ရွာကတော့ ရွာလုံးကျွတ် နီးပါး ပြာကျသွားပြီ” ဟု Tigyaing Revolution – TR အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် လက်ရှိချိန်တွင် ထီးချိုင့်မြို့နယ် ဝဲကြီး(ကမ်းနီ)ရွာသို့ ရောက်ရှိနေကြောင်း သိရှိရသည်။

Photo – အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးခဲ့သည့် ပေလမ်းကုန်းရွာရှိ ပြည်သူပိုင် နေအိမ်များအား တွေ့ရစဥ်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article