29 C
Yangon

တနင်္သာရီမြို့နယ်တွင် တိုက်ပွဲ ၂ ကြိမ်ဖြစ်ပြီး အကြမ်းဖက်စစ် သား ၁၈ ဦးထက်မနည်းသေဆုံး

Must read

တနင်္သာရီမြို့နယ်တွင် တိုက်ပွဲ ၂ ကြိမ်ဖြစ်ပြီး အကြမ်းဖက်စစ် သား ၁၈ ဦးထက်မနည်းသေဆုံး

ရန်ကုန်၊ ဧပြီ ၉

တနင်္သာရီတိုင်း၊တနင်္သာရီမြို့နယ်၊သိန်းခွန်ကျေးရွာနှင့်ကမ်းတို ရွာအနီးတို့တွင် တိုက်ပွဲ နှစ်ကြိမ်ဖြစ်ပြီး အကြမ်းဖက်စစ်သား ၁၈ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း မြိတ်ခရိုင်တပ်ရင်း ၂ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ ဧပြီလ ၉ ရက်မွန်းတည့် ၁၂ နာရီ မိနစ် ၄၀ ခန့် တနင်္သာရီမြို့မှ သိန်းခွန်ရွာဘက်သို့ စစ်ကြောင်းထိုးဝင်ရောက်လာသော အကြမ်းဖက်စစ်သားများကို မြိတ်ခရိုင်တပ်ရင်း ၂ ၊ မြိတ် ပကဖ ၊ KTLA ၊ တနင်္သာရီ ပကဖ တပ်ပေါင်းစုတို့မှ တိုက်ခိုက်ခဲ့ရာအကြမ်းဖက်စစ်သား ၁၀ ဦးအထက် သေဆုံးပြီး အကြမ်း ဖက်စစ်သားများ အသုံးပြုသော စကားပြောစက်တစ်လုံး သိမ်း ဆည်းရရှိခဲ့ကြောင်း သိရသည်။

“တက်လာတဲ့ စစ်ခွေးတွေက မြိတ်နဲ့တနင်္သာရီကပါ၊ အင်အားကတော့ အတိအကျမသိရဘူး၊ အရင်နေ့ ကလည်း ချောင်းနှစ်ပေါက်ရွာက နေအိမ် ၇ လုံးကို မီးရှို့သွားတယ်၊ ဒီနေ့လည်း သိန်းခွန်ရွာက ဈေးဆိုင် အိမ် ၂ လုံးကို ဖျက်ဆီးသွားတယ်၊ သဲဖြူရွာက ဘုရားကျောင်းတစ်ဆောင်ကတော့ လက်နက်ကြီးနဲ့ ပစ်ခတ်ခံရလို့ ပျက်စီးသွားတယ်၊ အခုခွေးတွေ ဘယ်ရောက်နေလဲဆို အတိအကျပြောမရသေးဘူး၊ ပြည်သူ့ရဲဘော်တွေအားလုံး ဘေးကင်းပါတယ်” ဟု မြိတ်ခရိုင်တပ်ရင်း ၂ မှ တာ ဝန်ရှိသူတစ်ဦး ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြား သည်။

အလားတူ ယနေ့ဧပြီလ ၉ ရက် နေ့လည် ၁၁ နာရီ ခွဲခန့်က တန င်္သာရီမြို့နယ်၊ ကမ်းတိုရွာအနီးသို့ စစ် ကြောင်းထိုးဝင်ရောက် လာသော အကြမ်းဖက်စစ် သားများကို မြိတ်ခရိုင် တပ်ရင်း ၂ ၊ တနင်္သာရီ ရိုးမ၊ မြိတ် ပကဖ ၊ တောပုန်းကြီးအဖွဲ့မှ ခုခံတိုက် ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၈ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း သိရသည်။

တနင်္သာရီမြိုနယ်အတွင်း၌ မတ်လ ၂၈ ရက်နေ့မှ ယနေ့အထိ ထိတွေ့တိုက်ပွဲများ ဖြစ်ပေါ်လျက်ရှိပြီး လတ်တလော စစ်ရေးအခြေအနေအရ ပြည်ထောင်စုလမ်းမကြီး တလျှောက်၊ မြိတ်မြို့နယ် ကြေး နန်း တိုင် တံတားမှ ဘုတ်ပြင်းမြို့နယ် မနိုးရုံးကျေးရွာ အထိ၊ ထုံခါ-မောတောင် နယ်စပ်ကုန်သွယ်ရေး လမ်း အပိုင်းတို့ကို ခရီးသွားလာခြင်း လုံးဝမပြုကြရန် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့များမှ သတိပေး ထုတ်ပြန်ထားသည်။

Photo – သဲဖြူရွာရှိ ပျက်စီးသွားသော ခရစ်ယာန်ဘုရားကျောင်း နှင့် ဖျက်ဆီးသွားသည့် နေအိမ်များ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article