29 C
Yangon

ဘုတလင်တွင် ကျေးရွာများကို မီးရှို့ဖျက်ဆီးနေသည့် စစ်တပ် စစ်ကြောင်းကို ပစ်ခတ် တိုက်ခိုက်မှု ၃ ဦးသေဆုံး

Must read

ဘုတလင်တွင် ကျေးရွာများကို မီးရှို့ဖျက်ဆီးနေသည့် စစ်တပ် စစ်ကြောင်းကို ပစ်ခတ် တိုက်ခိုက်မှု ၃ ဦးသေဆုံး

ရန်ကုန်၊ ဧပြီ ၉

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ယုန်လှေးထန်းရွာ၊ တရော်တောရွာ၊ ကုက္ကိုစုရွာတို့ကို မီးရှို့ ဖျက်ဆီးခဲ့သည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ပစ်ခတ် တိုက်ခိုက်ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း ကျောင်းသား လက်ရုံးတပ်တော် ထံမှ သိရသည်။

ဧပြီလ ၈ ရက် နံနက် ၁၀ နာရီခန့်က ယုန်လှေးထန်းရွာ အတွင်းတပ်စွဲ မီးရှို့ပြီးထွက်ခွာလာသော အကြမ်းဖက် စစ်သား ၆၀ ခန့်ရှိ သည် နှောပင်ရိုးဘုန်းကြီးကျောင်းအတွင်း ဝင်ရောက်ပြီး ပြန်ထွက်လာ စဉ် ကျောင်းသားလက်ရုံးတပ်တော်နှင့် မုံရွာခရိုင် တပ်ရင်း ၁၆ (Monywa People Defense Force နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များမှ ချုံခိုတိုက်ခိုက်ခဲ့ရာအကြမ်း ဖက်စစ်သား ၃ ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုသည် မိနစ်အနည်းငယ်ခန့်သာကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ်တပ်မှ ၆၀ မမ၊ ၄၀ မမ၊ စက်လက်တို့ဖြင့် ပြန်လည် ပစ်ခတ်ခဲ့ သော်လည်း အထိအခိုက်မရှိ ဆုတ်ခွာခဲ့ရကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article