29 C
Yangon

ဖလမ်းမြို့နယ်၊ ဗာရ်းစစ်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်မှု စစ်တပ်ဘက်မှ သေဆုံးသူများ၊ အရှင်ဖမ်းမိသူများနှင့် လက်နက်အများအပြား သိမ်းဆည်းရမိ

Must read

ဖလမ်းမြို့နယ်၊ ဗာရ်းစစ်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်မှု စစ်တပ်ဘက်မှ သေဆုံးသူများ၊ အရှင်ဖမ်းမိသူများနှင့် လက်နက်အများအပြား သိမ်းဆည်းရမိ

ရန်ကုန်၊ ဧပြီ ၁၀

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ မဏိပူရမြစ်ပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီ၏ ဗာရ်းစခန်းကို တိုက်ခိုက် သိမ်းပိုက်ခဲ့ရာ အကြမ်းဖက် စစ်သားအများ အပြား သေဆုံးပြီး အရှင်ဖမ်းမိသူများနှင့် လက်နက် အများအပြာ သိမ်းဆည်းရမိ ကြောင်း CNO Upper Chindwin Region (ချင်းအမျိုးသားအဖွဲ့ ချုပ်၊ အထက် ချင်းတွင်းဒေသ) သတင်းနှင့်ပြန်ကြားရေးဌာနမှ တာဝန်ရှိ သူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံ သို့ပြောကြားသည်။

ယနေ့ ဧပြီလ ၁၀ ရက် နံနက် ၅ နာရီခန့်က ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ CNDF မှ အဆိုပါ တပ်စ ခန်းအားဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ အကြမ်း ဖက် စစ်သားအများအပြားသေဆုံးပြီး အရှင်ဖမ်းမိသူ များ လည်းရှိကာ လက် နက် ခဲယမ်းအချို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း၊ ယင်းအကြမ်းဖက် စစ်တပ် စ ခန်း ကို မီးရှို့ဖျက်ဆီးနိုင်ခဲ့ပြီး CNDF ရဲဘော်တစ်ဦး ကျဆုံးခဲ့ ကြောင်း သိရ သည်။

“စစ်ခွေးတွေ ဘယ်လောက်သေတယ်ဆိုတာ အတိအကျမသိရသေးဘူး၊ အရှင်ဖမ်းမိ တာတော့ များတယ် ပြောတယ်၊ လက်နက်သိမ်းဆည်းမိတာလည်း များတယ် လို့ပဲ သိထားရတယ်၊ ဌာနချုပ်က သတင်းထုတ် ပြန်မှပဲ အတိအကျ ရနိုင်မယ်” ဟု CNO Upper Chindwin Region (ချင်းအမျိုးသာအဖွဲ့အထက် ချင်း တွင်းဒေသ) သတင်းနှင့်ပြန်ကြားရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံ သို့ပြောကြားသည်။

စခန်းသိမ်းပိုက်ခံရပြီးနောက် နံနက် ၈ နာရီခန့်တွင် တံတားဦးလေဆိပ်မှ အကြမ်း ဖက် စစ်တပ် တိုက်လေ ယာဉ်တစ်စီးမှ ဗာရ်းရွာအနီးတဝိုက်ကို ဗုံး ၆ လုံးကျဲချတိုက် ခိုက်ခဲ့ပြီး စခန်းသိမ်းတပ်ဆုတ်လာသည့် CNDF တပ်ဖွဲ့များကို လည်း တိုက်ခိုက်ရေး ရဟတ်ယာဉ်တစ်စီးက လိုက်လံပစ်ခတ် တိုက်ခိုက်ခဲ့ ကြောင်း သိရသည်။

အလားတူ ဗာရ်းရွာအနီးတဝိုက်ကို ဗုံးကျဲတိုက်ခိုက်ခဲ့သည့် တိုက်လေယာဉ် တစ်စီးမှ ဖလမ်းမြို့နယ်၊ ဝေဘူလမြို့ပေါ်ရှိ စာသင်ကျောင်းအနီးသို့ အကြောင်း မဲ့ ဗုံး ၂ လုံးကျဲချခဲ့ရာ အပြစ်မဲ့ပြည်သူ ၁၁ ဦး သေ ဆုံးပြီး ထိခိုက် ဒဏ်ရာ ရရှိသူများလည်းရှိကြောင်း CNO Upper Chindwin Region ထံမှ သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article