အရာတော်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် ဖြိုခွင်းမှုအတွင်း ပထမဆုံး ကျဆုံးခဲ့သည့် ရဲဘော်များအတွက် ၂နှစ်ပြည့် အထိမ်းအမှတ် ညသပိတ် ပြုလုပ်
ရန်ကုန်၊ ဧပြီ ၁၀
အရာတော်မြို့နယ် လူထုသပိတ် ဦးဆောင်ကော်မတီမှ ဦးဆောင်ကာ ယနေ့ ဧပြီလ ၁၀ ရက်နေ့တွင် အရာတော်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် ဖြိုခွင်းမှုအတွင်း ပထမဆုံး ကျဆုံးခဲ့သည့် ရဲဘော်များအတွက် ၂နှစ်ပြည့် အထိမ်းအမှတ် ညသပိတ် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ညသပိတ်ကို တက်ရောက်လာသော ပြည်သူများမှ ဖယောင်းတိုင်များ ကိုင်ဆောင်ကာ ” ကမ္ဘာမကြေဘူး” သီချင်း သံပြိုင်သီဆိုပြီး ဦးညွတ် အလေးနီပြုခဲ့ကြောင်း၊ အရာတော်မြို့နယ် သပိတ်တက်ကြွလှုပ်ရှားသူ ကိုသက်နောင်မှ လူထုအား သပိတ်တရား ဟောကြားခဲ့ကြောင်း သိရှိရသည်။