26 C
Yangon

ဘုတလင်မြို့မှ ထွက်လာသော စစ်ကြောင်းကို ပစ်ခတ်တိုက်ခိုက် ၊ ထီးလင်း တွင် အနီးကပ် ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်သား ၂ ဦး သေဆုံး

Must read

ဘုတလင်မြို့မှ ထွက်လာသော စစ်ကြောင်းကို ပစ်ခတ်တိုက်ခိုက် ၊ ထီးလင်း တွင် အနီးကပ် ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်သား ၂ ဦး သေဆုံး

ရန်ကုန်၊ ဧပြီလ ၁၂

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ဇီးတောရွာနှင့်ရွာသစ်ရွာ အကြားတွင် တိုက်ပွဲ ဖြစ်ခဲ့ကြောင်း မုံရွာခရိုင် တပ်ရင်း ၁ သတင်းပြန်ကြားရေးတာဝန်ခံက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့‌ ပြောကြားသည်။

ဧပြီလ ၈ ရက် နံနက် ၉ နာရီခန့်က ဘုတလင်မြို့မှ မုံရွာမြို့အနောက် မြောက် တိုင်း စစ်ဌာနချုပ် ဘက်သို့ ခြေလျင်ထွက်လာသော အကြမ်းဖက်စစ်သား ၇၀ ခန့်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ တိုက်ခိုက်ခဲ့ ရာ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ပွဲဖြစ်ခဲ့ပြီး အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှု မသိရသေး ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက် မရှိပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

“အရင်ကတော့ ပဲစင်းရုံတွေစိုက်တဲ့ နေရာတွေ၊ အခုက ပဲစင်းဂုံတွေမရှိတော့ ဘူးဆို တော့ ကွင်းပြင်ပြီး ဖြစ်နေတာ၊ ကွင်းပြင်ကြီးဆိုတော့ ခွေးတွေဘက်က လက်နက်ငယ်နဲ့အရင်စပစ်တယ်၊ ကျနော်တို့ ဘက် က အနီးကပ် ရောက်လာမှ လက်နက်ငယ်ဘောက်ကုန်ဆွဲပြီး ပြန်ဆုတ်ပြေးလာတာ၊ ပြန်ဆုတ်ပြေး လာတဲ့ အချိန်မှာ လက်နက်ကြီးနဲ့ လှမ်းပစ်တယ်၊ အထိအခိုက်အခိုက်မရှိခဲ့ပါဘူး၊ ခွေး တွေဘက်က လည်း သေဆုံးထိခိုက်မှုလည်း မသိရသေးဘူး၊” ဟု မုံရွာခရိုင် တပ်ရင်း ၁ သတင်းပြန်ကြားရေးတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်း ဌာ န ထံသို့‌ ပြောကြား သည်။

အဆိုပါတိုက်ခိုက်မှုကို မုံရွှာခရိုင် တပ်ရင်း ၁၆၊ ကျောင်းသားတပ်မတော်၊ ဒေသ ကာ ကွယ် ရေးအဖွဲ့၊ Monywa People Defense Force(MPDF) တပ်ဖွဲ့ ဝင်များ၊ မုံရွာခရိုင်အမှတ်(၁)တပ်ရင်း-MPDFတပ်ခွဲ(၄) -SRAFအဖွဲ့တို့ ပူးပေါင်း ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ ရွှေအောင်သာ အထိုင်တပ်၏ အရှေ့ ဘက် တာဝါတိုင်အနီး သစ်ပင်ပေါ်တွင် လင့်စင်ထိုးကင်းစောင့်နေသော အကြမ်းဖက်စစ်သား၂ ဦးကို အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ နှစ်ဦး စလုံးသေဆုံးသွားကြောင်း YRA -ထီးလင်းတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောကြားသည်။

ဧပြီလ ၇ ရက် နေ့လည် ၁၁ နာရီ ၁၅ မိနစ်ခန့်က အဆိုပါစစ်သား ၂ ဦးကို ဂန့်ဂေါခရိုင် တပ်ရင်း ၁၅ ၊ တပ်ခွဲ ၃ (YRA-ထီးလင်း) တပ်ဖွဲ့ဝင် ၄ ဦးက ချောင်း မြောင်းပစ်ခတ်ခဲ့ရာ တစ်ဦးမှာ မြေပြင်ထိ ပြုတ်ကျ သေဆုံးကာ တစ်ဦးမှာ သစ်ပင် ပေါ်၌ ဘောင်းဘီနှင့် သစ်ကိုင်းငြိပြီး တွဲလောင်းလျက်အနေအထားဖြင့် သေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုအတွင်း အခြားကင်းပုန်းစစ်သားများက လက်နက်ငယ် များဖြင့် ပြန်လည် ပစ်ခတ်ခဲ့ပြီး ရွှေအောင်သာအထိုင်တပ်မှ လက်နက်ကြီး များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ဝင် များအထိအခိုက်မရှိပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ- ထီးလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article