Khit Thit သတင်းဌာန၏ ဧပြီ ၁၂ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဧပြီ ၁၂ ရက် မနက်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
-စစ်ကိုင်းတိုင်း၊ ကန့်ဘလူ၊ ပဇီကြီးကျေးရွာမှာ မနေ့မနက်ပိုင်းက စစ်တပ်က လေကြောင်းကနေတစ်ဆင့် ဗုံးကျဲ တိုက်ခိုက်မှုကြောင့် သေဆုံးသူ ပြည်သူ ၁၀၀ ကျော်ထဲမှာ ကျောင်းသားကျောင်းသူ ၃၀ ကျော် ပါဝင်တယ်လို့ ကယ်ဆယ်ရေးလုပ်နေသူတွေက ပြောပါတယ်။
– လေကြောင်းကတစ်ဆင့် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ကျူးလွန်နေတဲ့အတွက် စစ်အာဏာရှင် အမြန်ဆုံး ချုပ်ငြိမ်းရေး အလုံးစုံညီညွတ်ရေး တည်ဆောက်ကာ အစွမ်းကုန်တိုက်ပွဲဝင်ဖို့ လိုအပ်တယ်လို့ ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ KSCC က သဘောထားကြေညာချက် ထုတ်ပြန်ပါတယ်။
-မြန်မာနိုင်ငံမှာ စစ်ကိုင်းတိုင်းကို မနေ့က လေကြောင်းတိုက်ခိုက်မှုအပါအဝင် အပြစ်မဲ့ပြည်သူတွေကို မြန်မာ စစ်တပ်က တိုက်ခိုက်တာတွေဟာ ကမ္ဘာကြီးရဲ့ မျက်ကွက်ပြုမှုနဲ့ စစ်တပ်ကို လက်နက်ထောက်ပံ့ နေသူတွေ ကြောင့်ဖြစ်တာလို့ ကုလသမဂ္ဂအထူးအစီရင်ခံစာတင်သွင်းသူ Tom Andrews က နိုင်ငံတကာကို ဝေဖန်ပြစ် တင်လိုက်တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။