ယင်းမာပင်တွင် စစ်တပ်က လက်နက်ကြီးဖြင့် အကြောင်းမဲ့ ပစ်ခတ်မှု အသက် ၁၂ အရွယ် လူငယ် ၁ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရ
ရန်ကုန်၊ ဧပြီ ၁၂
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် အကြောင်းမဲ့ ပစ်ခတ်မှုကြောင့် အသက် ၁၂ အရွယ် လူငယ် ၁ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဧပြီလ ၁၂ ရက်နေ့ နံနက် ၂ နာရီ ၄၂ မိနစ်ခန့်တွင် ယင်းမာပင်မြို့နယ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော အမှတ် ၂၈ ရဲတပ်ရင်းက ၁၂၀ မမ လက်နက်ကြီးများဖြင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ရွှေပေကုန်းကျေးရွာကို ပစ်ခတ် တိုက်ခိုက်ခဲ့သောကြောင့် အသက် ၁၂ နှစ်အရွယ် မပီတိ ပွဲချင်းပြီး သေဆုံးပြီး အသက် ၈၀ အရွယ် ဒေါ်သိန်းညွန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
” ဘာတိုက်ပွဲမှ မရှိဘဲ အမှတ် ၂၈ ရဲတပ်ရင်းက စစ်ခွေးတွေက လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ရွှေပေကုန်းကျေးရွာက အသက် ၁၂ အရွယ် အမျိုးသမီးငယ် မပီတိ လက်နက်ကြီး ကျည် ထိမှန်ပြီး ပွဲချင်းပြီးသေဆုံးတယ်။ အသက် ၈၀ အရွယ် ဒေါ်သိန်းညွန့်ကတော့ ထိခိုက်ဒဏ်ရာခဲ့တယ်” ဟု ပြည်သူတစ်ဦးက ပြောဆိုသည်။