26 C
Yangon

တောင်သာမြို့နယ် တပင်ကန်ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် အပေါင်းပါ ၂ ဦး လိုက်ပါသော ကားကို PDF က တိုက်ခိုက်မှု ၃ ဦးသေဆုံးပြီး လက်နက် ၃ လက် သိမ်းဆည်းရမိ

Must read

တောင်သာမြို့နယ် တပင်ကန်ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် အပေါင်းပါ ၂ ဦး လိုက်ပါသော ကားကို PDF က တိုက်ခိုက်မှု ၃ ဦးသေဆုံးပြီး လက်နက် ၃ လက် သိမ်းဆည်းရမိ

ရန်ကုန်၊ ဧပြီ ၁၂

မန္တလေးတိုင်း၊ တောင်သာမြို့နယ် တပင်ကန်ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အပေါင်းအပါ ၂ ဦး စုစုပေါင်း ၃ ဦး လိုက်ပါသော ကားကို ညောင်ဦး-မြင်းခြံလမ်းရှိ ကျောဇီ-တမိုက်သာ အကြားတွင် PDF က တိုက်ခိုက်ခဲ့ရာ အုပ်ချုပ်ရေးမှူးနှင့် အပေါင်းအပါ ၂ ဦးသေဆုံးပြီး လက်နက် ၃ လက်ရ ရှိကြောင်း မြင်းခြံခရိုင်၊ အမှတ် ၃ တပ်ရင်းမှ ရဲဘော်ပေါ့ဘာက ရန်ကုန်ခေတ် သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလ ၁၀ ရက်နေ့တွင် တပင်ကန်ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အပေါင်းအပါ ၂ ဦးလိုက်ပါသော ကားကို လမ်းခရီးတွင် ကြားဖြတ်တိုက်ခိုက်ရာ အက်ရှင်ကားဆန်ဆန် တိုက်ခိုက်နိုင်ခဲ့ပြီး ကားမှာ တိမ်းမှောက်သွားကြောင်း၊ တပင်ကန်ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် အပေါင်းအပါ ၂ ဦး စုစုပေါင်း ၃ ဦးစလုံး ရှင်းလင်းနိုင်ခဲ့ပြီး ၎င်းတို့ ကိုင်ဆောင်သည့် ကာဘိုင် ၃ လက်ကို သိမ်းဆည်းရမိကြောင်း သိရှိရသည်။

“ကျွန်တော်တို့ တပ်ရင်း ၃ ဦးဆောင်ပြီးတိုက်ခိုက်တာပါဗျ။ ကျွန်တော်တို့တွေ စောင့်ပြီး တိုက်ခိုက်တာဗျ။ အက်ရှင်ကားတွေအတိုင်းပဲ ကားတော့ ဂျွမ်း ပြန်သွားတယ်” ဟု မြင်းခြံခရိုင်၊ အမှတ် ၃ တပ်ရင်းမှ ရဲဘော်ပေါ့ဘာက ရှင်းပြသည်။

အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင်၊ အမှတ် ၃ တပ်ရင်းနှင့် အတူ မြင်းခြံခရိုင် တပ်ရင်းအမှတ် ၁ (Burmese Guerrilla Force-BGF) ၊ Zero – Nine ပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article