25 C
Yangon

ဘားအံမြို့မ ရဲစခန်းကို ဖောက်ခွဲ တိုက်ခိုက်မှု ရဲ ၁ ဦးသေဆုံး

Must read

ဘားအံမြို့မ ရဲစခန်းကို ဖောက်ခွဲ တိုက်ခိုက်မှု ရဲ ၁ ဦးသေဆုံး

ရန်ကုန်၊ ဧပြီ ၁၂

ကရင်ပြည်နယ်၊ ဘားအံမြို့မ ရဲစခန်းကို ဖောက်ခွဲ တိုက်ခိုက်ရာ ရဲ ၁ ဦးသေဆုံးကြောင်း HPA AN GUERILLA FORCE – HGF အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၁၂ ရက်နေ့တွင် ဘားအံမြို့နယ်၊ အမှတ် ၂ ရပ်ကွပ်ရှိ ဘားအံမြို့မ ရဲစခန်းရှေ့တွင် HPA AN GUERILLA FORCE – HGF အဖွဲ့က ဗုံး ထောင်ထားခဲ့​​​ကြောင်း၊ ယင်း ဗုံးကို ဖြုတ်ရန် ကြိုးပမ်းနေစဥ် ပေါက်ကွဲမှု ဖြစ်ပွားပြီး ရဲ ၁ ဦး ပြင်းထန် ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။

“ဒီနေ့ ၁၂ ရက်နေ့မှာ ကျွန်တော်တို့ HGF မြို့ပြ စစ်ဆင်ရေး ပျောက်ကြားတပ်ဖွဲ့က ဘားအံမြို့မ ရဲစခန်းရှေ့မှာ ဖောက်ခွဲရေး mission ပြုလုပ် အောင်မြင်ခဲ့တယ်။ ဗုံးဖြုတ်ဖို့ ကြိုးပမ်းနေတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင် ရဲခွေး ၁ ဦး ဒဏ်ရာ အပြင်းထန် ရပြီး သေဆုံးသွားတယ်” ဟု HPA AN GUERILLA FORCE – HGF အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ဘားအံမြို့နယ်အတွင်း အကြမ်းဖက် စစ်ကောင်စီသည် နှစ်သစ်ကူး သင်္ကြန်ပွဲတော်အား စည်းကားသိုက်မြိုက်စွာကျင်းပရန် ကြိုးပမ်းနေကြောင်း၊ HGF အဖွဲ့ အနေဖြင့် သင်္ကြန်ပွဲတော် ရက်အတွင်း မြို့ပြ ပေ​ျက်ကြား စစ်ဆင်ရေးလှုပ်ရှားမှုများ ရပ်တန့်သွားမည် မဟုတ်သောကြောင့် ပြည်သူများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီမှ ပြုလုပ်သည့် သင်္ကြန် မဏ္ဍပ်များနှင့် ပွဲတော်နေရာများကို မသွားလာကြပါရန် အသိပေး မေတ္တာရပ်ခံအပ်ကြောင်း၊ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် ပူပေါင်းအဖွဲ့များအား စစ်ရေး ပစ်မှတ်ထား၍ အဓိကထားတိုက်ခိုက်ခြင်းဖြစ်သည့်အတွက် ပြည်သူများအနေဖြင့် စစ်သား၊ ရဲများနှင့် ပူးပေါင်းအဖွဲ့များ စခန်းချရာအနီးတွင် သွားလာခြင်းမပြုရန် အသိပေးအပ်ကြောင်း HPA AN GUERILLA FORCE – HGF အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက်ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article