25 C
Yangon

မတ္တရာမြို့နယ်၊ ကင်းရွာကို စစ်တပ်က မီးရှို့ ဖျက်ဆီးမှု နေအိမ် ၁၇၀ ကျော် ပြာကျ

Must read

မတ္တရာမြို့နယ်၊ ကင်းရွာကို စစ်တပ်က မီးရှို့ ဖျက်ဆီးမှု နေအိမ် ၁၇၀ ကျော် ပြာကျ

ရန်ကုန်၊ ဧပြီ ၁၂

မန္တလေး၊ မတ္တရာမြို့နယ်၊ ကင်းရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ် ၁၇၀ ကျော်ပြာကျခဲ့ကြောင်း ဗိုလ်နတ်ဆိုးမြေအောက် တော်လှန်ရေး တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၁၁ ရက်နေ့ နံနက် ၉ နာရီခန့်တွင် မတ္တရာမြို့နယ် ကျောက်ဆည်လေးရွာမှ ဆုတ်ခွာလာသည့် အကြမ်းဖက် စစ်သားများက ကင်းရွာရှိ ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ် ၁၇၀ ကျော် မီးလောင်ပြာကျခဲ့ကြောင်း သိရသည်။

” စစ်ခွေးတွေ ရွာကို မီးရှို့နေချိန်မှာ ကျွန်တော်တို့ မဟာမိတ် ညီနောင်တွေက ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက် တားမြစ် ခဲ့ပါတယ်။ ဒါပေမယ့် ရာသီဥတု အခြေနေရလေတိုက်အား ပြင်းထန်နေတော့ ပြည်သူပိုင် နေအိမ်တွေ မီးကူး မြန်ဆန်ပြီ မီးလောင်ကျွမ်းဆုံးရှုံးမှု များပြားခဲ့ပါတယ်။ အဲအတွက် လွန်စွာ စိတ်မကောင်းဖြစ်မိပါတယ်။ ကျွန်တော်တို့ တော်လှန်ရေး အင်အားစု မဟာမိတ်ညီနောင်များအနေနဲ့ အရေးပေါ် လိုအပ်ချက်များအား နေအိမ် မီးလောင် ဆုံးရှုံးသွားတဲ့ ပြည်သူတွေဆီကို ကူညီထောက်ပံ့ သွားပါမယ်” ဟု ဗိုလ်နတ်ဆိုးမြေအောက် တော်လှန်ရေး တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article