26 C
Yangon

ဗန်းမောက် ၊ ရေးမြို့နယ်နှင့် ဘီးလင်းမြို့နယ်တို့တွင် တိုက်ပွဲများဖြစ်ပွားပြီး စစ်တပ် ဘက်မှ ၁၆ ဦးသေဆုံးကာ လက်နက် ၂ လက် သိမ်းဆည်းရမိ

Must read

ဗန်းမောက် ၊ ရေးမြို့နယ်နှင့် ဘီးလင်းမြို့နယ်တို့တွင် တိုက်ပွဲများဖြစ်ပွားပြီး စစ်တပ် ဘက်မှ ၁၆ ဦးသေဆုံးကာ လက်နက် ၂ လက် သိမ်းဆည်းရမိ

ရန်ကုန်၊ ဧပြီ ၁၃

မွန်ပြည်နယ်၊ ရေးမြို့နယ်နှင့် ဘီးလင်းမြို့နယ်၊ စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့ နယ် တို့တွင် တိုက်ပွဲများဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၁၆ ဦးသေဆုံးကာ လက် နက် ၂ လက် သိမ်းဆည်းရမိကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ ပြောဆို ချက်အရ သိရှိရသည်။

ရေးမြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ် ၂ ဦးသေဆုံးပြီး လက်နက် ၂ လက်သိမ်းဆည်းရမိ

=========================================

မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ် ၂ ဦး သေဆုံးပြီး လက်နက် ၂ လက်သိမ်းဆည်းရမိကြောင်း ရေးမြို့နယ် YGF က ပြောသည်။

ဧပြီလ ၁၁ ရက်နေ့ မွန်းလွဲ ၂ နာရီ ၅၇ မိနစ်အချိန် မွန်ပြည်နယ်၊ရေးမြို့နယ်၊အစင်ကျေးရွာအုပ်စု၊ ဇီးဖြူသောင်ရွာရှိ ပြည်သူများကို မတရားညှင်းပန်း နှိပ် စက်၊ ဖိနှိပ်နေသော အကြမ်းဖက်စစ်ကောင်စီ၏ လက်အောက်ခံ ပြည်သူ့ စစ် များ ရှိနေသော ကျေးရွာအုပ်ချုပ်ရေးမှူးရုံးကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ ပြည်သူ့စစ် ၂ ဦးသေဆုံးကြောင်း၊ AK ရိုင်ဖယ် ၂ လက်ကို သိမ်းဆည်း ရမိ ကြောင်း YGF၏ ပြောဆိုချက်အရ သိရှိရသည်။

ဗန်းမောက်တွင် စစ်ကောင်စီတပ်ဘက်မှ ၁၀ ဦးသေဆုံး

==============================

စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ၁၀ ဦးသေဆုံးကြောင်း ဗန်းမောက်ဒေသသတင်းရင်းမြစ်က ပြောသည်။

ဧပြီလ ၁၂ ရက်နေ့ နံနက် ၁၁ နာရီအချိန် ပင်ဟင်းခါးနှင့် သာယာကုန်းအကြား စစ် ကြောင်းထိုးလာသော စစ်တပ် စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးမှာ လေထဲမြှောက်တက်သွားခဲ့ပြီး စစ်သား စုစုပေါင်း ၁၀ ဦးသေဆုံး ကြောင်း သိရှိရသည်။

စစ်တပ်က အထိနာသွားပြီးနောက် ဧပြီလ ၁၂ ရက်နေ့ မွန်းလွဲ ၁၂ နာရီအချိန် တိုက်လေယာဉ်များဖြင့် ဗုံး ၈ လုံးကျဲချရာ သာယာကုန်းဘုန်းကြီး ကျောင်း၊ ဇရပ်နှင့် ရွာရှိနေအိမ် ၄ လုံးထိခိုက်ပျက်စီးကြောင်း၊ အိမ်အတွင်းရှိ ပြည်သူ ၄ဦး ထိခိုက်ဒဏ်ရာ ရရှိကြောင်း၊ ဒဏ်ရာရရှိသူထဲ ကလေးငယ်တစ်ဦးပါဝင်ကြောင်း ၊ ယင်းနောက် ဧပြီလ ၁၂ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်အချိန် Mi35 ရဟတ် ယာဉ်ဖြင့် ထပ်မံပစ်ခတ်ရာ အသက်၇၀ ကျော် အဘွားအိုတစ်ဦးသေဆုံးပြီး နောက်ထပ်ပြည်သူတစ်ဦး ဒဏ်ရာရရှိကြောင်း သိရှိရသည်။

စစ်တပ်နှင့်ရှမ်းနီတပ်များက ဧပြီလ ၁၂ ရက်နေ့ နောင်ယောနှင့် ကူးဆိပ် စျေးတန်းကို မီးရှို့ဖျက်ဆီး သွားကြောင်း ၊ ယမန်နေ့များကလည်း မတ္တရာမှော်၊ ရွှေတော်- မင်းကုန်းရွာများကိုလည်း မီးရှို့ဖျက်ဆီးသွားကြောင်း သိရှိရသည်။

ဘီးလင်းတွင်လည်း တိုက်ပွဲဖြစ်ပြီး စစ်တပ်ဘက်မှ ၄ ဦးသေဆုံး

===================================

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ အလူးလေးကျေးရွာတွင် ဧပြီလ ၁၂ ရက်နေ့ တိုက်ပွဲဖြစ်ပြီး စစ်တပ်ဘက်မှ ၄ ဦးသေဆုံးကြောင်း KNU သတင်းရင်းမြစ်က ပြေသည်။

ဧပြီလ ၁၂ ရက်နေ့ နံနက် ၈ နာရီအချိန် ဘီးလင်းမြို့နယ် အလူးလေးရွာတွင် KNLA ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်များ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်တပ် ဘက် မှ ၄ ဦးသေဆုံးပြီး အထိနာသွားသော စစ်တပ်က အလူးလေးကျေးရွာမှ ပြည်သူပိုင် နေအိမ် ၃ လုံးကို မီးရှို့ဖျက်ဆီးသွားကြောင်း၊ ယင်းနောက် စစ်တပ် က လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်သဖြင့် အလူးလေးအရှေ့ရွာမှ ကျေး ရွာသား တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ရေးမြို့နယ်တွင် သေဆုံးသွားသော စစ်ကောင်စီလက်အောက်ခံ ပြည်သူ့ စစ် ၂ ဦးထံမှ သိမ်းဆည်းရမိသည့် လက်နက် ၂ လက်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article