လားရှိုး ရန်တိုင်းအောင် ဘုရားဝင်းအနီး မဏ္ဍပ်တွင် ဗုံး ပေါက် ကွဲမှု လူ ၆ ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရ
ရန်ကုန်၊ ဧပြီ ၁၃
ရှမ်းပြည်နယ်၊ လားရှိုးမြို့ရှိ ရန်တိုင်းအောင် ဘုရားဝင်းအနီး မဏ္ဍပ်တွင် ယနေ့ နံနက်ပိုင်း ဗုံး ၃ လုံးပေါက်ကွဲပြီး လူ ၆ ဦးသေဆုံးကာ ၈ ဦးဒဏ်ရာရရှိကြောင်း လားရှိုးရဲတပ်ဖွဲ့က ပြောသည်။
ဧပြီလ ၁၃ ရက်နေ့ နံနက် ၁၁ နာရီ ၄၀ မိနစ်အချိန် လားရှိုးမြို့နယ်၊ ရန်တိုင်း အောင် ဘုရား ဝင်းအနီးရှိ မုခ်ဦး မဏ္ဍပ်တွင် ဗုံးများ ဆက်တိုက်ပေါက်ကွဲပြီး မီးလောင် ကျွမ်း သွားကြောင်း၊ ဗုံးပေါက်ကွဲမှုကြောင့် လူ ၆ ဦးသေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိကြောင်း၊ ၂ ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း သိရှိရသည်။
“စုစုပေါင်း သေဆုံးက ၆ ဦးပါ။ ဒဏ်ရာရရှိ ၈ ဦးမှာ ၂ ဦးက ဒဏ်ရာပြင်း ထန်ပါတယ်။ ကျန်တဲ့သူတွေက မစိုးရိမ်ရ ဒဏ်ရာရရှိပါတယ်။ အခင်းဖြစ်စဉ်နဲ့ ပတ် သက်ပြီး အသေစိတ် စုံစမ်းနေတုန်းပါပဲ။ ကားထဲမှာ ဗုံးထောင်ထား တယ် လို့ ယူဆရပါတယ်။ တိတိကျကျတော့ မသိရသေးပါဘူး” ဟု လားရှိုးရဲသတင်း ရင်းမြစ်က ပြောဆိုသည်။