28.6 C
Yangon

မတ္တရာတွင် ကင်းလှည့်နေသည့် စစ်သားများကို မိုင်းဆွဲတိုက်ခိုက်မှု ၅ ဦးသေဆုံး၊ သပိတ်ကျင်းတွင် စစ်သားများ လိုက်ပါလာသည့် ကား ၄ စီးကို မိုင်းဆွဲတိုက်ခိုက်

Must read

မတ္တရာတွင် ကင်းလှည့်နေသည့် စစ်သားများကို မိုင်းဆွဲတိုက်ခိုက်မှု ၅ ဦးသေဆုံး၊ သပိတ်ကျင်းတွင် စစ်သားများ လိုက်ပါလာသည့် ကား ၄ စီးကို မိုင်းဆွဲတိုက်ခိုက်

ရန်ကုန်၊ ဧပြီ ၁၃

မန္တလေး၊ မတ္တရာမြို့ အဝင် ရုပ်ထုအနီးရှိ ကြံ့ဖွတ်ရုံးရှေ့တွင် ကင်းလှည့်နေသည့် အကြမ်းဖက် စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်ရာ ၅ ဦးသေဆုံး​ကြောင်း တောကြီး တောကြီးမြွေပွေး ပျောက်ကြား တပ်ဖွဲ့ထံမှ သိရသည်။

ဧပြီလ ၁၂ ရက်နေ့ ည ၉ နာရီ ၈ မိနစ်ခန့်တွင် မတ္တရာမြို့ အဝင် ရုပ်ထုအနီးရှိ ကြံ့ဖွတ် ရုံးရှေ့တွင် ကင်းလှည့်နေသည့် အကြမ်းဖက် စစ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက မိုင်းအကြီးစားဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၅ ဦးထက်မနည်း ထိခိုက် သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်သူ့ရဲတပ်ဖွဲ့၊ လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးဌာနကြီး၊ အဖွဲ့ ၅ မတ္တရာမြို့နယ်အခြေစိုက် တပ်ဖွဲ့ဝင်များနှင့် တောကြီးမြွေပွေး ပျောက်ကြားတပ်ဖွဲ့တို့က ပူးပေါင်းခဲ့ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှုသည် ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာတွင် ကျဆုံးခဲ့သည့် အပြစ်မဲ့ ပြည်သူများ၊ ကလေးသူငယ်များအတွက် သွေးကြေး ပြန်ယူသည့် အနေဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ပြင် အကြမ်းဖက် စစ်ကောင်စီမှ ကျင်းပမည့် သွေးစွန်း သင်္ကြန်တွင် ပါဝင် ဆင်နွှဲခြင်း လုံးဝ မပြုလုပ်ရန် မေတ္တာရပ်ခံကြောင်း တောကြီးမြွေပွေး ပျောက်ကြား တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

အလားတူ မန္တလေး၊ သပိတ်ကျင်းမြို့နယ်တွင် စစ်သားများ လိုက်ပါလာသည့် အိမ်စီးကား ၄ စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း တကောင်း ပကဖ အဖွဲ့ထံမှ သိရသည်။

ဧပြီလ ၁၂ ရက်နေ့ ညနေ ၄ နာရီ ၄၆ မိနစ်ခန့်တွင် သပိတ်ကျင်းမြို့နယ် ရေယာဉ်ရွာအနီး မြနန္ဒာပေါက် တံတားထိပ်၌ နီကယ်စက်ရုံမှ ဆင်းလာသည့် စစ်သားများ လိုက်ပါလူသော အိမ်စီးကား ၄ စီးအား တကောင်းပကဖနှင့် လျှပ်စီးပျောက်ကြားတပ်ဖွဲ့(ရပ်ကျေးပကဖ) တို့က ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

မိုင်းဆွဲ တိုက်ခိုက်မှု အတွင်း ရှေ့ကား ၂ စီးမှာ နေရာတွင်ထိုးရပ်သွားပြီး ပြန်လည် ပစ်ခက်မှု မပြုလုပ်နိုင်ဘဲ နောက်ကား ၁ စီးမှ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်သားများ အများအပြား ထိခိုက် သေဆုံးမှု ရှိနိုင်ကြောင်း၊ တော်လှန်ရေး တပ်ဖွဲ့များက အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း တကောင်း ပကဖ အဖွဲ့က ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article