ရွှေဘိုမြို့နယ်တွင် အုပ်ချုပ်ရေးမှူး ၁ ဦး ပစ်ခတ်ခံရပြီး ပွဲချင်းပြီး သေဆုံးကာ လက်ပစ်ဗုံး ၁ လုံး သိမ်းဆည်းရမိ
ရန်ကုန်၊ ဧပြီ ၁၃
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် အုပ်ချုပ်ရေးမှူး ၁ ဦးကို ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း Buffalo Soldiers Freedom Force မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဧပြီလ ၁၃ ရက်နေ့ နံနက် ၉ နာရီ ၁၉ မိနစ်တွင် ရွှေဘိုမြို့နယ်၊ အမှတ် ၇ ချီပါစု ရပ်ကွက်တွင် နေထိုင်သည့် အုပ်ချုပ်ရေးမှူး ဦးဆွေ (ခေါ်) ဘိတ်သိတ် ကို Buffalo Soldiers Freedom Force (SBDF-2) မှ သေနတ်ဖြင့် ၃ ချက်ပစ်ခတ် တိုက်ခိုက် ခဲ့ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကာ လက်ပစ်ဗုံး ၁ လုံး သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။
” အုပ်ကြီးကတော့ ပွဲချင်းပြီးသေတယ်။ လက်ပစ်ဗုံး ၁ လုံး သိမ်းဆည်း ရမိတယ်။ တော်လှန်ရေး အင်အားစုတွေကို စိန်ခေါ်ပြီး အကြမ်းဖက် လုပ်ငန်းတွေ ဆက်လက် လုပ်ကိုင်နေတဲ့ ပျူစောထီး ဒလန် အုပ်ချုပ်ရေးမှူး ဦးဆွေကို ရှင်းလင်းဖို့ တော်လှန်ရေး အဖွဲ့တိုင်းက အလိုရှိ နေတဲ့အချိန် ကျွန်တော်တို့အဖွဲ့က အလစ်အငိုက်ဝင်ရောက် ရှင်းလင်းခဲ့တာ” ဟု Buffalo Soldiers Freedom Force မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

