25 C
Yangon

မိုးကုတ်တွင် စစ်တပ် စခန်းကို PDF တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်၊ နတ်တလင်းတွင် အုပ်ချုပ်ရေးမှူး ၁ ဦးပစ်ခတ်ခံရ

Must read

မိုးကုတ်တွင် စစ်တပ် စခန်းကို PDF တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်၊ နတ်တလင်းတွင် အုပ်ချုပ်ရေးမှူး ၁ ဦးပစ်ခတ်ခံရ

ရန်ကုန်၊ ဧပြီ ၁၃

မန္တလေးတိုင်း၊ မိုးကုတ်မြို့၊ ပြောင်ခေါင်းလေးရွာရှိ စစ်တပ် စခန်းကို PDF တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး စစ်သားများ စခန်း စွန့်ခွာ ထွက်ပြေးသွား​ကြောင်း မိုးကုတ် ဗျူဟာ တပ်ရင်း ၁၂၂၂ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၁၂ ရက်နေ့တွင် မိုးကုတ်မြို့၊ ပြောင်ခေါင်းလေးရွာရှိ အကြမ်းဖက် စစ်တပ် အထိုင် တပ်စခန်းကို စစ်ကြောင်းသုံးကြောင်းဖြင့် မိုးကုတ် ဗျူဟာ တပ်ရင်း ၁၂၂၁၊ ၁၂၂၂ တို့မှ ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စခန်းကို နံနက် ၆ နာရီ ၃၀ မိနစ်မှ စတင်ကာ မိုးကုတ် ဗျူဟာ တပ်ရင်းများက RPG​​ ဖြင့် စတင် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်တပ်ဘက်မှ လက်နက်ငယ်များ ၄၀ မမ များဖြင့် ပြန်လည် ပစ်ခတ်ခဲ့ကြောင်း၊ တိုက်ပွဲသည် နံနက် ၆ နာရီ ၃၀ မိနစ်မှ စတင်ခဲ့ပြီး နံနက် ၇ နာရီ ၅၀ မိနစ်တွင် တိုက်ပွဲ ပြီးဆုံးခဲ့ကြောင်း သိရသည်။

“PDF တွေက ကန့်ဘလူ၊ ပဇီကြီး ကျေးရွာအတွက် သွေးကြွေးတောင်းတာပါ။ စစ်ခွေး တပ်စခန်းကိုဝင်စီးလို့ စစ်ခွေးတွေ စခန်း စွန့်ခွာ ထွက်ပြေးသွားတယ်။ စစ်ခွေး သေစာရင်းတော့ မသိရသေးပါဘူး။ ဒေသ ပြည်သူတွေကိုလည်း စစ်သားတွေ ထိခိုက်သေဆုံးမူ သတင်း ပေါက်ကြားရင် ရွာကို မီးရှို့ ပစ်မယ်လို့ စစ်ခွေးတွေက ခြိမ်းခြောက် ပြောဆိုသွားတယ်လို့ သိရတယ်။ PDF တွေကတော့ အထိအခိုက် မရှိဘဲ ဆုတ်ခွာနိုင်ခဲ့ပြီး နောက်ထပ်တိုက်ပွဲများအတွက် ပြင်ဆင်နေပြီ ဖြစ်ပါတယ်” ဟု မိုးကုတ် ဗျူဟာ တပ်ရင်း ၁၂၂၂ မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

ထို့ပြင် သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်၊ ပွဲသာရွာအုပ်စု၊ ပွဲသာကျေးရွာ အကြမ်းဖက်စစ်တပ် ခန့်အုပ်ချုပ်ရေးမှူး တင်ထွန်းအား ကုန်းကလေးကျေးရွာမှ အိမ်တက်ပွဲမှ ပွဲသာရွာသို့ ပြန်လာစဉ် ပစ် ခတ်တိုက်ခိုက်ခဲ့ရာ နားရွက်ပြတ်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယမန်နေ့ ဧပြီလ ၁၂ ရက်ည ၇ နာရီခန့်က အဆိုပါအုပ်ချုပ်ရေးမှူးတင်ထွန်းအား ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ PPDF ၊ ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၁၊ တပ်ခွဲ(၅)၊ နွေဦးအဖွဲ့တို့မှ ဆိုင် ကယ်ဖြင့် လိုက်လံ၍ ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး လမ်းဘေးဝဲယာရှိ ပြည်သူများကို ရှောင်တိမ်းပစ်ခတ် ရသည့် အတွက် ဦးခေါင်းကို ရှပ်ထိမှန်၍ နားရွက်ပြတ်ဒဏ်ရာရရှိကာ ထွက်ပြေးသွားခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

အဆိုပါအုပ်ချုပ်ရေးမှူးတင်ထွန်းသည် လောင်းကစားဒိုင်များမှ အပတ်စဉ်ဆက်ကြေးကောက်ခံ၍ စစ် ကောင်စီထံပေးသွင်းခြင်း၊ သမချေးငွေနှင့် စိုက်ပျိုးစရိတ်ချေးငွေများကို တောင်သူလယ်သမား များထံမှ ခြိမ်းခြောက်တောင်းခံခြင်း၊ အပြစ်မဲ့အရပ်သား ပြည်သူများကို မတရားစွပ်စွဲဖမ်းဆီး ချုပ်နှောင် ထိုး ကြိတ်ခြင်း၊ CDM ဝန်ထမ်းကောင်းများနှင့် တော်လှန်တက်ကြွလှုပ်ရှားသူများကို ကျေးရွာအုပ်စုအတွင်း နေထိုင်မရအောင် လုပ်ဆောင်နေသူဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article