33 C
Yangon

ပခုက္ကူ တပ်မ ၁၀၁ တပ်အတွင်း သင်္ကြန်ပွဲကျင်းပနေချိန် ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်မှု စစ်သား ၂ ဦး သေဆုံး၊ ရေတာရှည်နှင့်မိုးမိတ်တို့တွင်လည်း ပစ်ခတ်တိုက်ခိုက်မှုများဖြစ်ပွားပြီး စစ်သားနှင့်ရဲ ၁၆ ဦးသေဆုံး

Must read

ပခုက္ကူ တပ်မ ၁၀၁ တပ်အတွင်း သင်္ကြန်ပွဲကျင်းပနေချိန် ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်မှု စစ်သား ၂ ဦး သေဆုံး၊ ရေတာရှည်နှင့်မိုးမိတ်တို့တွင်လည်း ပစ်ခတ်တိုက်ခိုက်မှုများဖြစ်ပွားပြီး စစ်သားနှင့်ရဲ ၁၆ ဦးသေဆုံး

ရန်ကုန်၊ ဧပြီ ၁၃

မကွေးတိုင်း၊ ပခုက္ကူမြို့၊ တပ်မ ၁၀၁ တပ်အတွင်း သင်္ကြန်ပွဲတော်ကျင်းနေချိန် ရှော့တိုက်ဒုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးပြီး သင်္ကြန်ပွဲလဲ ရပ်နားသွားကြောင်း Special Guerilla Force -SGF – Pakokku တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ ဧပြီလ ၁၃ ရက် နံနက် ၉ နာရီခန့်က အဆိုပါတပ်အတွင်း သင်္ကြန်ပွဲ တော်အကြိုနေ့ ကျင်းပ နေ ချိန် Special Guerilla Force -SGF – Pakokku တပ်ဖွဲ့မှ ၈၈ မမ ရှော့တိုက်ဒုံး ၁ လုံးဖြင့် ပစ်ခတ် တိုက် ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား ၂ ဦးသေဆုံးပြီး တပ်ကြပ်ကြီးနှင့် ဗိုလ်အဆင့်ရှိသူတစ်ဦး အပါအဝင် စစ် တပ် မိသားစုဝင်များ ထိခိုက်မှုရှိကြောင်း၊ အသေးစိတ်အခြေအနေကို စုံစမ်း နေကြောင်း သိရသည်။

“ရှော့တိုက်ဒုံးမစ်ရှင်မှာ စခ ၂ ဦးသေတယ်၊ တပ်ကြပ်ကြီးနဲ့ ဗိုလ်အဆင့် တစ်ဦး ထိ ခိုက်တယ်၊ တပ်မိသား စုတွေလည်း ထိခိုက်မှုရှိတယ်လို့ သိရတယ်ဗျ၊ ရှော့တိုက် ဒုံးနဲ့ပစ်ခံရပြီးတော့ ညနေမှာ ဆက်ပြီး ရေမကစား ကြတော့ဘူး လို့ လည်း တပ်တွင်းသတင်းရင်းမြစ်ကပြောတယ်၊ အသေးစိတ် အခြေအနေ ကတော့ စုံစမ်းနေ တုန်းပဲ” ဟု Special Guerilla Force -SGF – Pakokku တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ် သတင်းဌာနထံသို့ ပြောကြား သည်။

အလားတူ နံနက် ၁၀ နာရီခွဲခန့်က တပ်မ ၁၀၁ ရှေ့နှင့် ပခုက္ကူမြို့ အရှေ့တပ်မ ၂၅၉ တပ်ရှေ့တို့တွင် အသံမိုင်းတစ်လုံးစီခွဲကာ အညာဒေသကျေးရွာများကို မီးရှို့ဖျက်ဆီးပြီး ပြည်သူများကို စိတ်ဒုက္ခပေး နေပြီး ပျော်ပါးနေကြသည်ကို လက်မခံ ကြောင်း ပြသသည့်အနေဖြင့် သတိပေးဖောက်ခွဲခဲ့ကြောင်း Special Guerilla Force-SGF – Pakokku တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆက်လက် ပြောကြားသည်။

အလားတူ ပဲခူးတိုင်း ၊ ရေတာရှည်မြို့နယ် အိုးမြေတူးကျေးရွာမှ အရှေ့ဘက် သို့ တက်လာသည့် အင်အား ၁၅၀ ခန့်ပါ အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းနှင့် PDF များ အကြား ဧပြီလ ၁ ရက်နေ့ ညနေ ၂ နာရီအချိန်တွင် သကြားဟင်းအိုး ကျောင်းအရောက်၌ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဝင် ၁၅ ဦးခန့် သေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တပ်ရင်း ၃၅၀၁၊ တပ်ခွဲ ၄- ရေတာ ရှည် မြို့နယ်က ပြောသည်။

တိုက်ပွဲဖြစ်ချိန် ၂ နာရီခန့် ကြာမြင့်ခဲ့ပြီး စစ်ကောင်စီဘက်မှ လက်နက်ကြီး ပစ်ကူအဆမတန် ပစ်ခတ်ခဲ့၍ ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း သိရှိရသည်။

ထို့ပြင် ဧပြီလ ၂ ရက်နေ့တွင်မူ စည်ပိုင်းကျေးရွာ ကုလားကန်အင်းဘေးတွင် စစ်ကောင်စီဝင်များနှင့် PDF များ နှစ်ဖက်ထိတွေ့တိုက်ပွဲ ၄ နာရီကြာဖြစ်ပွား ခဲ့ ကြောင်း၊ ရေငံကျေးရွာတွင်လည်း ၁ နာရီကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက် ပွဲများအတွင်း စစ်ကောင်စီဘက်မှ ၁၀ ဦးထက် မနည်းသေဆုံး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

အဆိုပါ တိုက်ခိုက်မှုများကို တပ်ရင်း ၃၅၀၁ တပ်ခွဲ ၃/၄/၆၊ တပ်ရင်း ၃၅၀၂၊ တပ် ရင်း ၃၆၀၂နှင့် KNLA တပ်မဟာ ၂ တပ်ရင်း ၅ တို့ ပူးပေါင်းလုပ်ဆောင် ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် ရှမ်းပြည်နယ် မိုးမိတ်မြို့ EPC ရုံးအနီးတွင် ဧပြီလ ၁၁ ရက်နေ့ မိုင်းဆွဲ စစ်ဆင်ရေး ပြုလုပ်ခဲ့ရာ စစ်ကောင်စီဝင် ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ရဲ ၁ ဦး သေဆုံးကာ ၁ ဦး ဒဏ်ရာရရှိသွားကြောင်း မိုးမိတ်ခရိုင် KPDF တပ်ရင်းက သတင်းထုတ်ပြန်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article