ကနီမြို့နယ်တွင် သင်္ကြန်ကာလ တိုက်ပွဲများအတွင်း ကျဆုံးခဲ့သည့် အာဇာနည် ရဲဘော် ၁၀ ဦး၏ ၂ နှစ်ပြည့်နေ့ အဖြစ် ချီတက် ဆန္ဒပြ
ရန်ကုန်၊ ဧပြီ ၁၄
ကနီမြို့နယ်၊ မုံရွာ- ယာကြီး -ကလေးဝ ကားပိုင်းတစ်နေရာတွင် ယနေ့ ဧပြီလ ၁၄ ရက်နေ့၌ သင်္ကြန်ကာလ တိုက်ပွဲများအတွင်း ကျဆုံးခဲ့သည့် အာဇာနည် ရဲဘော် ၁၀ ဦး၏ ၂ နှစ်ပြည့်နေ့ အဖြစ် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
အဆိုပါ ဆန္ဒပြပွဲကို ကနီမြို့နယ် နွေဦး တော်လှန်ရေး သပိတ် အင်အားစုနှင့် ပြည်သူများ ဦးဆောင် ပြုလုပ်ခဲ့ကြောင်း၊ သင်္ကြန်အကြတ်နေ့ လှည်းဘီး တိုက်ပွဲတွင်ရဲဘော် ၇ ဦးနှင့် နှစ်ဆန်းတစ်ရက်နေ့ ဆယ်ရွာချောင်တိုက်ပွဲတွင် ရဲဘော် ၃ ဦး ကျဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။