လှိုင်သာယာ ၁၂ ရက်ကွက်ရုံးအနီး ယမန်နေ့ ည ဗုံးပေါက်ကွဲမှုတွင် စစ်တပ်မှ ဗိုလ်မှူးကြီး တစ်ဦး အပါအဝင် ၃ ဦး ထိခိုက် ဒဏ်ရာရပြီး ၁ ဦးသေဆုံး
ရန်ကုန်၊ ဧပြီ ၁၄
ရန်ကုန်၊ မြို့၊ လှိုင်သာယာမြို့နယ်၊ အမှတ် ၁၂ ရပ်ကွက်ရုံးအနီး နှစ်ကြိမ်ဗုံးခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်တပ်မှ ဗိုလ်မှူးကြီးတစ်ဦးအပါအဝင် ၃ ဦးဒဏ်ရာရရှိခဲ့ပြီး တစ်ဦးသေဆုံး သွားပြီဖြစ်ကြောင်း ရန်ကုန်မြို့ပြပြောက်ကျားတပ် ဖွဲ့ဝင်တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။
ယမန်နေ့ ဧပြီလ ၁၃ ရက် ည ၈ နာရီ ၈ မိနစ်ခန့်က လှိုင်သာယာမြို့နယ်အနောက်ပိုင်း အမှတ် ၁၂ ရပ် ကွက်ရုံးအနီးတွင် ပထမအကြိမ်ဗုံးခွဲတိုက်ခိုက်ပြီးနောက် ပေါက်ကွဲရာနေရာသို့ လာရောက် စစ်ဆေး သော အကြမ်းဖက်စစ်ကောင်စီတပ်သားများကို ည ၈ နာရီခွဲတွင် ထပ်မံဗုံးခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်တပ်က ဗျူဟာမှူး ဗိုလ်မှူးကြီးတစ်ဦး အပါအဝင် ၃ ဦးထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“ဗိုလ်မှူးကြီးရယ်၊ တပ်သားတစ်ဦးနဲ့ ရာအိမ်မှူးတစ်ဦးဒဏ်ရာရတယ်၊ ဗျူဟာမှူးက ပြောင်း လာတာ မကြာသေးလို့ ပြောတယ်၊ အဲဒီဗျူဟာမှူးက ခမရ ၅၃၂ ထဲမှာနေတာ။ GE တပ်က ဗိုလ်မှူးကြီး နေမှာ၊ တပ်တွင်းသတင်းရင်းမြစ်ကလည်း ဗျူဟာမှူးဗိုလ်မှူးကြီး ဆိုတာ အတည် ပြုထားတယ်၊ စစ် တပ် ဘက်ကတော့ လုံခြုံရေးတပ်ဖွဲ့ဝင်နှစ်ဦးရာအိမ်မှူးတစ်ဦးလို့ ထုတ်ပြန်ပြီး သတင်းဖုံးထားပါတယ်၊ ဒီနေ့ပဲ တစ်ဦးသေတယ်၊ ဗျူဟာမှူးလား၊ ကျန်တဲ့စစ်ခွေးလားတော့ မသိ သေးဘူး” ဟု ရန်ကုန်မြို့ပြ ပြောက်ကျားတပ်ဖွဲ့ ဝင်တစ်ဦးက ရန်ကုန် ခေတ်သစ် သတင်းဌာနထံသို့ ပြောကြား သည်။
အဆိုပါဖောက်ခွဲတိုက်ခိုက်မှုကို စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာပြည်သူများအပေါ် လေ ကြောင်းမှ ဗုံးကျဲတိုက်ခိုက်သည့်အပေါ် လက်စားချေတုန့်ပြန်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာရရှိသူ များကို မင်္ဂလာဒုံစစ်ဆေးရုံသို့ ပို့ဆောင်ကုသခဲ့ကြောင်း၊ မိဘ ပြည် သူများအနေဖြင့် အကြမ်း ဖက် စစ် သား၊ ၎င်းတို့နေထိုင်ရာ အဆောက်အအုံ၊ ရုံး၊ လက်အောက်ခံ ရပ်ကွက် ရုံးများနှင့် ဝေးဝေး နေထိုင်ကြရန် ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်များက သတိပေးထားသည်။
အလားတူ ယမန်နေ့ ည ၁၀ နာရီခန့်တွင် လှိုင်သာယာမြို့နယ်အရှေ့ပိုင်း၊ အမှတ် ၁၅ ရပ်ကွက်ရုံးကို ဖောက်ခွဲရန် စီစဉ်ခဲ့သော်လည်း မိဘပြည်သူများရှိနေသဖြင့် အမှတ် ၁၅ ရပ်ကွက်နှင့် ၂ ရပ်ကွက် အကြားရှိ ပီမိုးနင်း လမ်းပေါင်းကူးတံတားအနီးတွင် ဗုံးဖောက်ခွဲကာ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ ဝင်များကို ခြောက်လှန့် ပေးခဲ့ကြောင်း သိရှိရသည်။