26 C
Yangon

ရန်ကုန်တိုင်း စစ်ကောင်စီဝန်ကြီးချုပ် မြို့နယ် သင်္ကြန် မဏ္ဍပ်များကို လှည့်လည်ကြည့်ရှုရာ လူမရှိ၍ ရပ်ကွက်များမှ သောက်စားတတ်သော အရက်ကြိုက်သူများကို လူစု ကခိုင်း၊ သင်္ကြန်အကျနေ့ ရန်ကုန်လူထုက ရေကစားခြင်းမရှိဘဲ လျစ်လျူရှု

Must read

ရန်ကုန်တိုင်း စစ်ကောင်စီဝန်ကြီးချုပ် မြို့နယ် သင်္ကြန် မဏ္ဍပ်များကို လှည့်လည်ကြည့်ရှုရာ လူမရှိ၍ ရပ်ကွက်များမှ သောက်စားတတ်သော အရက်ကြိုက်သူများကို လူစု ကခိုင်း၊ သင်္ကြန်အကျနေ့ ရန်ကုန်လူထုက ရေကစားခြင်းမရှိဘဲ လျစ်လျူရှု

ရန်ကုန်၊ ဧပြီ ၁၄

ရန်ကုန်တိုင်း၊ စစ်ကောင်စီဝန်ကြီးချုပ် စိုးသိန်းက ယနေ့ သင်္ကြန်အကျနေ့တွင် ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ် သင်္ကြန် ရေကစားမဏ္ဍပ်များသို့ သွားရောက် လှည့်လည်ကြည့်ရှုရာ လူမရှိ၍ ရပ်ကွက်များမှ သောက်စားတတ်သော အရက်ကြိုက်သူများကို လူစုခိုင်းကာ အရက်တိုက် ကခိုင်းကြောင်း ရန်ကုန်တိုင်းစစ်ကောင်စီသတင်းရင်းမြစ်က ပြောသည်။

ဧပြီလ ၁၄ ရက်နေ့ သင်္ကြန်အကျနေ့တွင် ရန်ကုန်တိုင်း စစ်ကောင်စီဝန်ကြီးချုပ် စိုးသိန်းက တောင်ဥက္ကလာမြို့နယ် သင်္ကြန်မဏ္ဍပ်၊ သင်္ဃန်းကျွန်းခရိုင်ထဲရှိ မြို့နယ်မဏ္ဍပ်များသို့ သွားရောက် လှည့်လည်ကြည့်ရှုခဲ့ကြောင်း၊ သို့ရာတွင် မြို့နယ် မဏ္ဍပ်များတွင် လူမရှိ၍ နီးစပ်ရာ ရပ်ကွက်များမှ အရက်ကြိုက်တတ်သူများကို အရက်အ၀တိုက်မည်ဟုဆိုကော ခေါ်ယူခိုင်းပြီး ကခိုင်းကြောင်း သိရှိရသည်။

“ဝန်ကြီးချုပ်က မြို့နယ်တွေကို လှည့်လည်ကြည့်တဲ့အချိန်မှာ မဏ္ဍပ်တွေမှာ လူမရှိလို့ နီးစပ်တဲ့မြို့နယ် အရက်ကြိုက်တဲ့ အမျိုးသားတွေကို အဖွဲ့လိုက် အင်အားဖြည့်ခေါ်ပြီး မဏ္ဍပ်ရှေ့ရေပက်ခံကခိုင်းတယ်။ တောင်ဥက္ကလာကိုလာချိန်မှာ တောင်ဥက္ကလာနဲ့နီးစပ်မြို့နယ်က လူတွေကို ါ်အင်အားဖြည့်တာ။ သင်္ဃန်းကျွန်းခရိုင်ထဲကမြို့နယ်မဏ္ဍပ်တစ်ခုမှာလည်း ရပ်ကွက်ထဲကအရက်သောက်စားတတ်တဲ့ အမျိုးသား​တွေမဏ္ဍပ်ကိုလွှတ်ခိုင်းတယ်။ အရက်အလကားတိုက်တယ်။ သောက်ပြီးမဏ္ဍပ်ရှေ့ ရေပက်ခံကမှ အရက်ထပ်တိုက်တယ်။ မကရင်မတိုက်ဘူး” ဟု ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်က ပြောသည်။

ယနေ့ သင်္ကြန်အကျနေ့တွင်လည်း ရန်ကုန်လူထုက စစ်ကောင်စီ၏ သင်္ကြန်တွင် ပါဝင်ခြင်းမရှိဘဲ လျစ်လျူရှုခဲ့ကြောင်း သိရှိရသည်။

“ရေကစားကြတာမျိုးတော့ မတွေ့ရဘူး။ စစ်ကောင်စီမဏ္ဍပ်တွေမှာတော့ သူ့လူနဲ့သူလေးရှိတယ်။ ဟိုးအရင်ကလို လမ်းတွေပိတ်တဲ့အထိ တန်းစီ ရေပက်ခံတာမျိုး ရေပက်ခံကားမရှိဘူး။ တစ်စီးစ နှစ်စီးစ လမ်းပေါ်မှာတွေ့တယ်။ ရန်ကုန်လမ်းတွေ အကုန်ရှင်းနေတယ်။ ပြည်သူ့ရင်ပြင်နဲ့ မြို့တော်ခန်းမနားက စစ်တပ်ကကို ပိတ်ထားတာ။ ရပ်ကွက်တွေထဲမှာ သီချင်းဖွင့်ပြီး ကတဲ့က မူးတဲ့သူ မူးရူး အဲဒါလေးတွေမြင်ရတယ်။ ရန်ကုန်လူထု အများစုက ကိုယ်နဲ့မဆိုင်သလို ရေမပက်ကြဘူး၊ ရေပက်မခံကြဘူး။ ရေမကစားကြဘူး။ စတုဒီသာလုပ်တာတွေလည်း ဒီနှစ် အတော်ကို နည်းတယ်။ ခြုံပြောရရင်တော့ သင်္ကြန်အကျနေ့မှာလည်း လူထုက ကိုယ်နဲ့မဆိုင်သလိုပဲ နေကြတယ်” ဟု ရန်ကုန်မြို့ကို လှည့်လည်ကြည့်ရှုခဲ့သည့် တက္ကစီယာဉ်မောင်းက ရှင်းပြသည်။

ယနေ့ သင်္ကြန်အကျနေ့တွင်လည်း မြို့နယ်အများစုတွင် လျှပ်စစ်မီးရရှိမှု အခြေအနေမှာ လာလိုက် ပြတ်လိုက် ဖြစ်နေသဖြင့် ပြည်သူအများစု ပူပူလောင်လောင်ဖြင့်ပင် ဖြတ်သန်းနေရကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article