29 C
Yangon

စစ်ကိုင်းမြို့နယ်၊ ကြွယ်ပုံရွာမှ ပျူစောထီးများ ရေကစားနေစဉ် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံရပြီး ၈ ဦး သေဆုံး

Must read

စစ်ကိုင်းမြို့နယ်၊ ကြွယ်ပုံရွာမှ ပျူစောထီးများ ရေကစားနေစဉ် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံရပြီး ၈ ဦး သေဆုံး

ရန်ကုန်၊ ဧပြီ ၁၄

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ကြွယ်ပုံ(ပျူ)ရွာမှ ပျူစောထီးများ သင်္ကြန်မဏ္ဍပ်ဆောက်ပြီးရေကစားနေစဉ် ဒရုန်းဖြင့် ဗုံး ကြဲတိုက်ခိုက်ခံရပြီး ပျူစောထီးနှင့် မိသားစုဝင် ၈ ဦးသေဆုံးကာ ၃၀ ကျော်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းသတင်းရင်း မြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောကြားသည်။

ယမန်နေ့ ဧပြီလ ၁၃ ရက် ညနေ ၅ နာရီခန့်က ကြွယ်ပုံရွာမှ ပျူစောထီးများနှင့် မိသားစုဝင်များသည် အခြေခံပညာအထက် တန်းကျောင်းရှေ့တွင် မဏ္ဍပ်ဆောက်ပြီး သောက်စားပျော်ပါးရေကစားနေစဉ် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံရခြင်းဖြစ်ပြီး ၈ ဦးသေဆုံးကာ ၃၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ ထိခိုက်ဒဏ်ရာရရှိသူများကို စစ်ကိုင်းမြို့ဆေးရုံသို့ ပို့ဆောင်ကုသထားကြောင်း သိရသည်။

“ကြွယ်ပုံ ပျူစောထီးရွာ ဗုံးကြဲခံရတာ ဟုတ်ပါတယ်၊ ရွာမှာရှိတဲ့ စာသင်ကျောင်းရဲ့ တောင်ဘက်က ဘောလုံးကွင်းထဲမှာ ရေ ကစားမဏ္ဍပ်လုပ်ပြီး ပျူစောထီးတွေ မူးယစ်သောက်စား ရေ ကစားနေကြတာကို ဒရုန်းနဲ့ ဗုံးချသွားတာ၊ ဗုံးက ပျူအုပ်ထဲ တည့်တည့်ကျပြီး ၇ ဦးသေတယ်၊ ၃၀ ကျော်လောက် ဒဏ်ရာရ သွားတယ်လို့ ကနဦး သိထားရတာ၊ ဒဏ်ရာရရှိသွားတဲ့ ပျူတွေကို ဆေးရုံပို့ဖို့အတွက်လည်း လမ်းမှာ ဒရုန်းနဲ့ ထပ်ချခံရမှာကြောက်လို့ အခက်အခဲဖြစ်တယ်ဆိုပြီး ပျူတွေပြောနေကြတယ်” ဟု ဒေသတွင်း သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောကြားသည်။

အဆိုပါဗုံးကြဲခံရမှုနှင့်ပတ်သက်၍ အကြမ်းဖက် စစ်ကောင်စီဘက်မှလည်း ပျူစောထီး ၈ ဦးသေဆုံးကာ ၃၁ ဦးဒဏ်ရာ ရရှိခဲ့ကြောင်း ထုတ်ပြန်ထားပြီး မည်သည့် PDF အဖွဲ့က လုပ် ဆောင်ခဲ့သည်ကိုတော့ ထုတ်ပြန်ထားခြင်း မရှိသေးပေ။

ရေကစားမဏ္ဍပ်အား ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် ကြွယ်ပုံရွာပျူစောထီးများမှ ညပိုင်းတွင် အနီးအနားရှိကျေးရွာများအတွင်းသို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း၊ ထို့ကြောင့် ကျေး ရွာနေပြည်သူများမှာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန် ကြားရေးထံမှ သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article